Home
မြန်မာသတင်း
ဖြူးမြို့တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား
DVB
·
October 20, 2014
10452336_239406476257665_8634395276861666192_n
တောင်ငူခရိုင် ဖြူးမြို့မှာ ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသမီး ၂ ဦးကို စိတ်ဝေဒနာရှင် ၁ ဦးက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက တောင်ငူခရိုင် ဖြူးမြို့၊ အုတ်ဖြတ်ကျေးရွာအုပ်စု အိုးဘိုကုန်းကျေးရွာမှာ စိတ်ဝေဒနာရှင် ကိုမျိုးသိန်း ၃၃ နှစ်ဟာ မိခင်ဖြစ်သူ ဒေါ်သန်းနွဲ့ ၆၇ နှစ်နဲ့ ညီမဖြစ်သူ မနီနီဝင်း ၂၃ နှစ်တို့ကို နေအိမ်မှာ အတူရှိနေစဉ် ကိုင်းခုတ်ဓား၊ ပေါက်တူးတို့နဲ့ ခုတ်လိုက်လို့ မိခင်နဲ့ ညီမဖြစ်သူတို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပါတယ်။ ကိုမျိုးသိန်းဟာ ရွာလယ်လမ်းအတိုင်း ထွက်ပြေးသွားပြီး မြရောင်ခြည်ဘုန်းကြီးကျောင်းအရောက် ကျောင်းမုခ်ဦးအနီးမှာ ထိုင်နေတဲ့ ဆရာတော် ဦးပညာသာမိ ၅၅ နှစ်ကို ဓားနဲ့ ထပ်မံခုတ်လိုက်လို့ ဆရာတော်ဟာ အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။ လူသတ်တရားခံကို ဖြူးမြို့မရဲစခန်းမှာ (ပ) ၄၉၉/၂၀၁၄ ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်လှစ်ထားပြီး တရားခံကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024