Home
မြန်မာသတင်း
ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးအုတ်မြစ်ပဲ ချနိုင်တော့မည်ဟုဆို
ရွှေအောင်
·
October 19, 2014
10658957_10101853676554277_3383455777450787426_o
သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  ငြိမ်းချမ်းရေးအုတ်မြစ်ပဲ ချနိုင်တော့မယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ကောက်ချက်ချ ပြောကြားလိုက်ပါတယ်။ [caption id="attachment_68316" align="aligncenter" width="409"]ဆွေးနွေးပွဲ ပြုလုပ်နေစဉ် ဆွေးနွေးပွဲ ပြုလုပ်နေစဉ်[/caption] နေပြည်တော်မှာ အောက်တိုဘာ ၁၈၊ ၁၉ နှစ်ရက် ကျင်းပပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လွှတ်တော်အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အမ်ပီစီက ခုလို ကောက်ချက်ချခဲ့တာလို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ မကွေးတိုင်း၊ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။ “အခု သမ္မတကြီး ဦးသိန်းစိန် သက်တမ်းမှာတော့ မဖြစ်နိုင်ဘူးလို့ သဘောပေါက်လိုက်တယ်။ အုတ်မြစ်လေးတခုတော့ ချနိုင်မယ်၊ နောက်အစိုးရမှာ ဒီအုတ်မြစ်အတိုင်း ဆက်သွားနိုင်လိမ့်မယ်လို့၊ အဲတော့ ခိုင်မာတဲ့အုတ်မြစ်ကို ချဖို့၊ ဒါပဲ အဖြေပေါ်တယ်။ သူတို့ ငြိမ်းချမ်းရေး စင်တာက အဲလိုသုံးသပ်ထားတယ်။” မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၆ ချက်ကို တင်ပြသွားပြီး လွှတ်တော်မှာ အဆိုတင်ဖို့ သင့် မသင့် အကြံဉာဏ်ရယူသွားပြီး လွှတ်တော်ကိုယ်စားလှယ်တွေက တင်ဖို့ အကြံပေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ “ဘာပြီးရင် ဘာလုပ်မယ်ပေါ့။ ပထမဆုံး ceasefire လုပ်မယ်။ ceasefire  လုပ်တဲ့အချိန်မှာ monitoring အဖွဲ့တွေမှာ ဘယ်သူတွေ ပါသင့်တယ်ပေါ့။ ပြီးရင် လက်မှတ်ထိုးမယ်၊ နိုင်ငံရေးစကားဝိုင်း ပြောမယ်။ ဒါတွေပြောတဲ့အချိန်မှာ ဘာအချက်တွေ၊ ဘာအချက်တွေ ပါသင့်တယ်ပေါ့။ အဲဒါတွေကို သူတို့က ချပြမှာပေါ့။ ဒါကို လွှတ်တော်မှာ အဆိုတင်ပြီး ဆွေးနွေးမှာပေါ့။ လွှတ်တော်မှာ တယောက်က ဒါကို အဆိုတင်မယ်၊ ၀ိုင်းဆွေးနွေးမယ်၊ ဘာအချက်တွေ ပါသင့်တယ်ဆိုပြီး အဲလိုမျိုးလုပ်မယ်။” ငြိမ်းချမ်းရေးဖြစ်စဉ် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာက ၀န်ကြီး ဦးအောင်မင်းနဲ့ အလုပ်အဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း အယောက် ၄၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024