ဆင်မလေးမိုမို၏ ၆၁ နှစ်ပြည့် မွေးနေ့

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ဆင်မလေးမိုမိုရဲ့ ၆၁ နှစ်ပြည့် မွေးနေ့ကို ဒီကနေ့ ကျင်းပပါတယ်။ [caption id="attachment_68278" align="aligncenter" width="425"]momo မွေးနေ့ပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ပိုင်စိုး)[/caption] အဲဒီမွေးနေ့ပွဲမှာ မိုမိုကိုယ်တိုင်မွေးနေ့ဖယောင်းတိုင်မီး မှုတ်တဲ့အစီအစဉ်အပြင် မျက် လှည့်အစီအစဉ်တွေ၊ တိရစ္ဆာန်ကပွဲတွေလည်း ပါဝင်ပါတယ်။ ဆင်မလေးမိုမိုကို ကယားပြည် နယ်၊ လွိုင်ကော်မြို့မှ ဦးခွန်စန္ဒက ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလမှာ လာရောက်လှူဒါန်းခဲ့တာပါ။ မိုမိုဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ကပြဖျော်ဖြေပွဲများစွာကို တင်ဆက်ခဲ့သလို မြင်းခင်းသဘင်ပွဲတော်၊ လှေသဘင် ပွဲတော်၊ တရုတ်ပြည်မှ စွယ်တော်ပင့်ဆောင်ခြင်း စတဲ့ အခမ်းအနားတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

More News
Up