ဆူဇူကီးဖလားခြေစစ်ပွဲ မြန်မာနှင့်လာအို အုပ်စုက တက်ပြီ

အောက်တိုဘာလ ၁၈ ရက်နေ့က လာအိုနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံ ဆူဇူကီးဖလား ခြေစစ်ပွဲအတွက် အုပ်စုပွဲစဉ် ရလဒ်တွေအရ မြန်မာအသင်းနဲ့ လာအိုအသင်းက အုပ်စုတက်သွားပြီ ဖြစ်ပါတယ်။ လာအိုအသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်၊ မြန်မာက ၃ ပွဲကစား ရမှတ် ၇ မှတ် ရရှိထားတဲ့အတွက် လာအိုနဲ့ မြန်မာ လက်ရွေးစင်အသင်းဟာ နောက်ဆုံး အုပ်စုပွဲစဉ် ကစားဖို့ ကျန်နေသေးပေမယ့်လည်း အုပ်စုကနေ နောက်တဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ အုပ်စုအတွင်းမှာ တီမောက ၄ ပွဲကစား ၄ မှတ် ရရှိခဲ့ပြီး တပွဲ ကစားဖို့ ကျန်နေသေးတဲ့ ကမ္ဘောဒီးယားက ၃ မှတ်နဲ့ ဘရူနိုင်းကတော့ အမှတ်မရရှိသေးပါဘူး။ မြန်မာနဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်မယ့် အုပ်စု နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အုပ်စုပထမနေရာကို ရတဲ့အသင်းက စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ စင်ကာပူ နိုင်ငံမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အုပ်စုဒုတိယ ရခဲ့ရင်တော့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့ ဗီယက်နမ်နိုင်ငံမှာ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up