DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သား ပြန်လွတ်မြောက်ရေး အိုင်အယ်လ်အိုကို တိုင်ကြား
DVB
·
October 18, 2014
ကလေးစစ်သား ပြန်လွတ်မြောက်ရေး အိုင်အယ်လ်အိုကို တိုင်ကြား
Donate to DVB

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကြံခင်းရပ်စု ကျေးရွာနေ အသက် ၁၇ နှစ်အရွယ်လူငယ်တဦး ရန်ကုန်မှာ အလုပ်သွားရောက်လုပ်ကိုင်ရင်း  စစ်တပ်စုဆောင်းခံနေရတဲ့အတွက် မိဘတွေက သားဖြစ်သူ  ပြန်လွတ်မြောက်ရေး အောက်တိုဘာ ၁၇ ရက်နေ့ ရန်ကုန်- အိုင်အယ်လ်အိုရုံးကို သွားရောက် တိုင်ကြားလိုက်ပါတယ်။

[caption id="attachment_66112" align="alignright" width="303"] ပြီးခဲ့တဲ့ စက်တင်ဘာ၂၅ ရက်နေ့က ကလေးစစ်သား ၁၀၉ ဦး ပြန်လွှတ်ပေးခဲ့စဉ် ပြီးခဲ့တဲ့ စက်တင်ဘာ၂၅ ရက်နေ့က ကလေးစစ်သား ၁၀၉ ဦး ပြန်လွှတ်ပေးခဲ့စဉ်[/caption]

မောင်ဇင်ကို (ခ) မောင်သန်းအေး ဟာ  ရွာကနေ ရန်ကုန်လှိုင်သာယာ အဆင့်မြင့်အိမ်ရာမှာ အလုပ်လုပ်ရင်း  စက်တင်ဘာ ၁၇ ရက်နေ့မှာ ပျောက် ဆုံးခဲ့တာပါ။

သူပျောက်ပြီး ရက်ပိုင်းမှာ တပ်စုဆောင်းခံရ တဲ့အကြောင်း မိဘတွေကို ဆက်သွယ်ပြီး လာခေါ်ဖို့ အကြောင်းကြားခဲ့တာလို့ မောင်ဇင်ကိုရဲ့ ဖခင် ဦးသိန်းဇော်ကပြောပါတယ်။

“ပျောက်သွားတာက ၁၇ ရက် ၉ လပိုင်းက ပျောက်သွားတယ်။ အဲကြားထဲမှာ ဖုန်း ၂ ခါ အဆက်သွယ်ရတယ်။ အဲဒါကို ကျနော်တို့လည်း မှတ်မထားမိလိုက်ဘူး။ ၂၉ ရက်နေ့၊ ၉ လ၊ ၂၀၁၄ မှာ သူ့အဒေါ်ကို သူ့လာခေါ်မှာ လှမ်းပြောတယ်။”

မောင်ဇင်ကိုဟာ  လက်ရှိ ပုသိမ် အမှတ် ၆ လေ့ကျင့်ရေးတပ်ကို ရောက်ရှိနေကြာင်းလည်း ပြောပါတယ်။ သူ့ကို ခေါ်သွားတုန်းက ဒီထက်ကောင်းတဲ့လစာရမယ်ဆိုပြီးတော့  လူ တယောက် က စည်းရုံးခေါ်ဆောင် သွားခဲ့တာလို့လည်း ပြောပါတယ်။

အသက် ၁၇ နှစ်သာ ရှိသေးတဲ့ သားကို ပြန်လွှတ်ပေးဖို့လည်း ဖခင်ဖြစ်သူ ဦးသိန်းဇော်က  တောင်းဆိုပါတယ်။

“ပျောက်တာက လှိုင်သာယာအဆင့်မြင့်အိမ်ရာမှာ အလုပ်သွားရင်း လစာကောင်းကောင်းပေးမယ်၊ နေစရာပေးမယ်ဆိုပြီး ခေါ်သွားတယ်။ ခေါ်တဲ့သူကို မသိရသေးဘူး။ ခေါ်သွားတုန်းက အလုပ်ဆိုပြီး ခေါ်သွားတော့ အခုမှ စစ်ထဲရောက်နေတယ်ဆိုတာ သိရတော့ ကျနော်တို့ ကလေးကို ပြန်လိုချင်တာပေါ့။ ကလေးမိခင်နဲ့ အဘွားကလည်း ကျန်းမာရေး သိပ်မကောင်းဘူ။ အဘွားက ဆေးရုံပို့ရမယ်၊ သူ့မြေးမှမြေးဆိုပြီး ဖြစ်နေလို့။”

အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်တပ်မှာ အသုံးပြုတာတွေဟာ တရားမ၀င်ဘူးလို့ သတ်မှတ်ထားတဲ့အတွက် ကလေးစစ်သားတွေ လွတ်မြောက်ရေးအတွက်  ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရတို့ သဘောတူ  ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့ကြားက  မြန်မာစစ်တပ်မှာ အရွယ်မရောက်သေးသူတွေကို တပ်သားအဖြစ် စုဆောင်းမှုတွေ ဆက်လက်ရှိနေတာဖြစ်ပါတယ်။

အခုလို ကလေးစစ်သားကို ထပ်ပြီးစုဆောင်းမှုအပေါ် ကလေးအခွင့်အရေး ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးဘန်ဂူးက အခုလို ဝေဖန်ထားပါတယ်။

“ကလေးစစ်သား မြန်မာနိုင်ငံမှာ မရှိတော့ဘူး၊ ကလေးစစ်သားအရေးတွေ ကိုင်တွယ်နေတဲ့အချိန်မှာပဲ ကလေးစစ်သားတွေ ထပ်ထပ်ဖြစ်နေတဲ့ အခြေအနေမှာရှိတယ်။ ဒါ မဖြစ်သင့်တဲ့ကိစ္စပေါ့။ ဆိုင်းဘုတ်ကြီးတွေချိတ်ပြီး အောက်ခြေမှာက ဆက်တိုက်ဆက်တိုက် ဖြစ်နေတယ်။ အဓိကက ဆိုင်းဘုတ်နဲ့တင် လုပ်လို့ မရဘူး၊ တကယ်အရေးယူဆောင်ရွက်မှ ရမှာ။ အခုက ကလေးစစ်သားတယောက် ၀င်သွားတယ်၊ ကျနော်တို့က အိုင်အယ်လ်အိုကို အကူညီတောင်းပြီး ပြန်လွတ်ဖို့လုပ်တယ်။ ကျနော်တို့က ဆောင်ရွက်လို့ လွတ်လာလိုက်၊ လုပ်ပေးလိုက် လွတ်လာလိုက် အဲဒါပဲ ရှိတယ်။ အရေးယူမှုက အင်မတန်အားနည်းတယ်။ ကလေးစစ်သားအဖြစ် လက်ခံသည်ဖြစ်စေ၊ ဖြားယောင်းသည်ဖြစ်စေ၊ သွတ်သွင်းသည်ဖြစ်စေ ဒါ အရေးယူရမယ် သူတို့က။”

မြန်မာအစိုးရတော့ စစ်တပ်ထဲမှာ ကလေးစစ်သားအသုံးပြုမှုမရှိဘူးလို့ အစဉ်တစိုက်ငြင်း ဆန်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ကတော့  ကလေးစစ်သား ၁၀၉ ယောက်ကို မြန်မာစစ်တပ်က လွှတ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013