Home
သတင်းဓာတ်ပုံ
ဂျပန်-မြန်မာ ဓာတ်ပုံပြိုင်ပွဲ ဆုကြီး ၅ ခုလုံး မြန်မာက ရရှိ
ဇော်ဇော်လှိုင်
·
October 18, 2014
IMG_5710 copy
IMG_5741 copy
IMG_5728 copy
2014TokyoFes copy
ဂျပန်-မြန်မာဓာတ်ပုံပြိုင်ပွဲမှာ ဆုကြီး ၅ ဆုလုံးကို မြန်မာနိုင်ငံတွင်းက ဓာတ်ပုံ ၀ါသနာရှင်တွေက ရရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၁၇ ရက်နေ့က ဂျပန်ဝန်ကြီးချုပ်ကတော် အခိအယ် အာဘေးစံ ကြီးမှူးကျင်းပတဲ့ ၂၀၁၄ မြန်မာပွဲတော်မှာ ဂျပန်-မြန်မာချစ်ကြည်ရေး ဓာတ်ပုံပြိုင်ပွဲ ထည့်သွင်း ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံတွင်းက ဓာတ်ပုံဝါသနာရှင်တွေနဲ့ ဂျပန်လူမျိုးဓာတ်ပုံဝါသနာရှငတွေရဲ့ ပုံပေါင်း ၈၀၀ ကျော် ပါဝင်ပြသခဲ့ပြီး ကိုညွန့်နိုင် ရဲ့ Face လို့ အမည်ပေးထားတဲ့ မြန်မာဓာတ်ပုံက  ပထမဆု  နဲ့ ၀န်ကြီးချုပ်ကတော် အထူးဆုကို ကိုအောင်ကြည်ဝင့်က ရရှိခဲ့တာပါ။ ပထမဆုအဖြစ် ဂျပန်ယန်း ၁၀ သောင်း (ဒေါ်လာ ၁၀၀၀ လောက်)  ရရှိပါတယ်။ ဂျပန်-မြန်မာသံတမန်နှစ် ၆၀ အထိမ်းအမှတ် အဖြစ်ပါ ကျင်းပခဲ့တဲ့ပွဲတော်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအားဘေးကတော်အပြင် ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးပါ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက် ၂ ရက်တိုင်ကျင်းပပြီး မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်ခဲ့သလို၊ မေဆွိ၊ မေခလာ နဲ့ ဇော်ပိုင်တို့ကလည်း တိုကျိုပွဲတော်မှာ တေးဂီတာတွေနဲ့ လာရောက်သီဆိုပေးခဲ့ပါတယ်။

[gallery ids="68225,68226,68227,68228"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024