iPad Air 2 တရားဝင်မိတ်ဆက်

935
Apple က သူရဲ့ကုန်ပစ္စည်းအသစ်ဖြစ်တဲ့ iPad Air 2 ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကတရားဝင်မိတ်ဆက်လိုက်ပါတယ်။
iPad Air 2 ရဲ့ အရွယ်အစားဟာ ၆.၁ mm သာ အထူရှိပြီး Touch ID ၊ Apple Payနဲ့ App Store ကို အသုံးပြုနိုင်မှာပါ။ Process A8X ပါဝင်ပြီး ပထမဦးဆုံး ထုတ်တဲ့ iPad ထက် အဆ ၁၈၀ မြန်ဆန်မှာပါ။
ဓာတ်ပုံနဲ့ ကင်မရာအမျိုးအစားအနေဖြင့် iSigh camera - 8 MPနဲ့ Appleရဲ့ processor အသစ်က ကင်မရာကို အထူးထောက်ပံ့အောင် ပြုလုပ်ထားပြီး Burse mode နဲ့ လှုပ်ရှားပုံရိပ်ကို ရိုက်နိုင်သလို၊ Timelaspe video, lomo video တွေလည်း ရိုက်ကူးနိုင်ပါတယ်။ HDR Video ရှေ့ ကင်မရာလည်း ပါဝင်ပါတယ်။
အရင်ဗားရှင်းတွေထက် ပိုမြန်တဲ့ အင်တာနက် Wi-Fi, LTE တို့ ပါဝင်ပြီး iOS 8.1 နဲ့ ထွက်ပါမယ်။
လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့ကစ ကြိုတင်မှာယူနိုင်ပြီး ဈေးနှုန်းကတော့ 16GB မီမိုရီနဲ့ အင်တာနက် Wi-Fi နဲ့ဆိုရင် ၄၉၉ ဒေါ်လာ၊ 64 GB မီမိုရီနဲ့ အင်တာနက် Wi-Fi နဲ့ဆိုရင် ၅၉၉ ဒေါ်လာ၊ 128 GB မီမိုရီနဲ့ အင်တာနက် Wi-Fi နဲ့ဆိုရင် ၆၉၉ ဒေါ်လာ ရှိပါတယ်။ iPad mini3 ကတော့ ၃၉၉ ဒေါ်လာ ဖြစ်ပါတယ်။
