DVB Logo
Home
မြန်မာသတင်း
ဓာတ်ကြိုးအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးမည်
DVB
·
October 17, 2014
ဓာတ်ကြိုးအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးမည်
Donate to DVB

မြန်မာနိုင်ငံတ၀န်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး အဆင့်မြှင့် တင်တာတွေနဲ့ အန္တရာယ်ကင်းအောင်ထိန်းသိမ်းတာတွေ လုပ်ဆောင်နေပြီလို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦမော်သာထွေးက ပြောကြားလိုက်ပါတယ်။

ပြည်သူတွေ လျှပ်စစ်အန္တရာယ် မကြုံတွေဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်မီးကြိုးတွေနဲ့ ပက်သက်ပြီး စတင် အဆင့်မြှင့်တင်နေပြီ ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိသူက ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောသွားပါတယ်။

Electric-300x210မြို့နယ်အသီးသီးမှာ  ဓာတ်အားဖြန့်ဖြူးပေးနေ တဲ့ ဓာတ်ကြိုးတွေ ပြုတ်ကျ ရင်တောင် အန္တရာယ် မဖြစ်နိုင်အောင် ဂျပန်နိုင်ငံမှာ သုံးတဲ့နည်းပညာ တခု ဖြစ်တဲ့  နိုင်လွန် ပလတ်စတစ်တွေနဲ့ လင့်ကော်နက်ရှင် ယူပြီး တပ် ဆင်နေ ကြောင်း ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးက ပြောပါတယ်။

ဓာတ်အားလိုင်းကြိုးတွေ ပြတ်ကျပေမယ့်လည်း ဓာတ်လိုက်ခံရမှု မရှိစေဖို့အတွက် ဓာတ်အားလိုင်းတွေမှာ Earth ring၊ Earth bar system တွေအပြင် ဓာတ်ကြိုး ပြတ်ကျတာတွေကိုပါ ကာကွယ်နိုင်ဖို့အတွက် စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အား အသုံးပြုတာများလာတဲ့နဲ့အမျှ သုံးစွဲတဲ့လျှပ်စစ်ဝန်ကို ခံနိုင်ရည် မရှိတဲ့ကြိုးတွေက ပြတ်ကျတာဖြစ်ကြောင်း၊ ဒီကြိုးတွေနေရာမှာ ကြိုးအသစ်တွေကို အရေးကြီးတဲ့နေရာကို ဦးစားပေးပြီး နိုင်ငံတော်ဘတ်ဂျက် ပြည်ပချေးငွေတွေနဲ့ လဲလှယ် တပ်ဆင်ပေးနေကြောင်းလည်း ပြည်ထောင်စုဒုဝန်ကြီးက ပြောသွားပါတယ်။

နောက်ပိုင်း တပ်ဆင်တဲ့ ဓာတ်ကြိုးတွေကိုလည်း တန်ဖိုးမြင့်တဲ့ အင်ဆူလိတ်တက် ၀ါယာ တွေကိုသာ အသုံးပြုတော့မှာပါလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေအတွင်းက  ရန်ကုန်တိုင်းအတွင်း  ကမာရွတ်၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာစတဲ့မြို့နယ်တွေမှာ  ဓာတ်ကြိုး ပြတ်ကျရာမှာ အနည်းဆုံး  လူ ၆ ဦး သေဆုံးခဲ့ရပြီးနောက် လျှပ်စစ်ဓာတ်မီးကြိုးတွေ အန္တရာယ်နဲ့ ပတ်သက်ပြီး လူထုတွေအကြား စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013