DVB Logo
Home
မြန်မာသတင်း
အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး မြန်မာသမ္မတ ပထမဆုံးအကြိမ် တက်ရောက်
DVB
·
October 16, 2014
အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး  မြန်မာသမ္မတ ပထမဆုံးအကြိမ် တက်ရောက်
1 / 2
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပနေတဲ့  (ASEM) ခေါ် (၁၀) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးမှာ ပါဝင်တက်ရောက်ဆွေးနွေးနေပါတယ်။

10698558_589759577818579_1573270756443730532_nအာရှ-ဥရောပ ထိပ်သီးအစည်းအဝေးကို အာရှနဲ့ ဥရောပတိုက် နိုင်ငံတွေမှာ ၂ နှစ်တကြိမ် တလှည့်စီကျင်းပနေ တာဖြစ်ပြီး  အခုနှစ်မှာတော့ အီတလီနိုင်ငံ မီလန်မြို့ မှာ အောက်တိုဘာလ ၁၆ ရက်ကနေ  ၁၇ ရက်ထိ  ၂ ရက်ကြာကျင်းပနေပါတယ်။

ဒီအစည်းအဝေးမှာ  မြန်မာအပါအ၀င် နိုင်ငံပေါင်း ၅၀ ကျော်က  အစိုးရထိပ်ပိုင်း  ခေါင်းဆောင်တွေ ပါဝင်ဝင်တက်ရောက်ပြီး   ဒေသကြီးနှစ်ခုအကြား  စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေအပြင် လတ်တလော ကမ္ဘာကိုခြိမ်းခြောက်လာနေတဲ့ အီဘိုလာရောဂါပြဿ   နာနဲ့ အစ္စလမ်မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့အရေးကိစ္စနဲ့ ရာသီဥတုပြောင်းလဲမှုလို ကမ္ဘာ့အရေး အရေးကိစ္စတွေလည်း  အမြင်ချင်းဖလှယ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

asia-europe meetingမြန်မာနိုင်ငံအနေနဲ့ သမ္မတဦးသိန်း စိန်ခေါင်းဆောင်ပြီး  နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်၊ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် စတဲ့ ပြည်ထောင်စု ၀န်ကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တချို့ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တက်ရောက်နေကြတာပါ။

သမ္မတဦးသိန်းစိန်အနေနဲ့ ပြီးခဲ့တဲ့နှစ်က လာအိုမှာကျင်းပတဲ့ ၉ ကြိမ်မြောက်  (ASEM) အစည်းအဝေးကို တက်ရောက်ခဲ့ဖူးပြီး ဥရောပမြေမှာကျင်းပတဲ့ ထိပ်သီးအစည်း အဝေးကိုတော့ ပထမဆုံး အကြိမ်တက်ရောက်တာလည်းဖြစ်ပါ တယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၀၅ ခုနှစ်ကတည်းကစပြီး အာရှ-ဥရောပဆွေးနွေးပွဲ အဖွဲ့ဝင် ဖြစ်လာခဲ့ပေမယ့် ထိုစဉ်က စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို  ထောက်ပြပြီး မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်တာကို  အီးယူနိုင်ငံတွေက လက်မခံဘဲ   ဝေဖန်ကန့်ကွက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာနေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ဒေါက်တာဝင်းနိုင်က  “ပြောရင်တော့ အခြေအနေတွေကတော့ ပြောင်းလဲလာတာပေါ့နော်၊ အရင်တုန်းကတော့ မြန်မာပြည်က တကမ္ဘာလုံးသိတဲ့အတိုင်းပဲ၊ လုံးဝ ဒီမိုကရေစီကို လက်မခံဘူး၊ စစ်အစိုးရကနေပြီးတော့ ဒီမိုကရေစီလိုလားတဲ့လူတွေကို နှိပ်ကွပ်ပြီးတော့ ထိန်းချုပ်ဖမ်းဆီးပြီးတော့၊ တိုင်းပြည်ကိုလည်း တံခါးပိတ်ဝါဒ လုံးဝဥဿုံ တံခါးပိတ်ဝါဒကြီး ကျင့်သုံးပြီးတော့ ခါးခါးသီးသီးနဲ့ ဒီမိုကရေစီကိုလက်ခံဘူးဆိုတဲ့ အခြေအနေပေါ့။ ခု ၃ နှစ်လောက်အတွင်းမှာ ဒီမိုကရေစီလမ်းစဉ်ကိုကျင့်သုံးမယ်၊ စီးပွားရေးတွေ၊ နိုင်ငံရေးတွေ အကုန်လုံးပြောင်းမယ်ဆိုတော့ အခြေအနေတွေက  အနုတ်ကနေပြီး ရေချိန်ကိုတော့ရောက်လာပြီ၊ အပေါင်းဘက်ကိုတော့ မရောက်သေးဘူး။ ပြည်တွင်းမှာ ဖိနှိပ်တာ နှိပ်ကွပ်တာတွေ အရင်လောက်တော့မရှိတော့ဘူး၊ ရှိသင့်သလောက်တော့ ရှိသေးတယ်။ ကျနော်တို့က အရင်တုန်းက စုစုရုံးရုံးနဲ့လုပ်ကြတယ်။ နိုင်ငံတကာတွေက စုစုရုံးရုံးနဲ့ လုပ်ကိုလုပ်မှဖြစ်မယ်ဆိုပြီး လုပ်ခဲ့ကြတယ်။ ခု နိုင်ငံတကာ အစိုးရတွေကလည်း အကောင်းမြင်ဝါဒနဲ့ စောင့်ကြည့်နေတဲ့အချိန်မှာ ကျနော်တို့ကလည်း အကောင်းမြင်ဝါဒလေးနဲ့ ဖြစ်များလာမလားလို့ စောင့်ကြည့်နေတဲ့သဘောပဲ” လို့ သုံးသပ်ပြောပါတယ်။

ဒီနှစ် ထိပ်သီးဆွေးနွေးပွဲကိုတော့ ရေရှည်တိုးတက်ကြီးပွားမှုနဲ့ လုံခြုံမှုအတွက်  တာဝန်သိတဲ့ မိတ်ဖက်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဦးတည်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အစည်းအဝေးကို  ဦးဆောင်ကျင်းပတဲ့  ဥရောပကောင်စီ အကြီးအကဲ  ဟာမန်းဗန်ရွမ်ပယ်ကတော့  “အာရှနဲ့ ဥရောပမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မြှင့်တင်ပေးဖို့ အတွက် ကျနော်တို့ရဲ့ အတူတကွ  ပူးပေါင်းဆောင်ရွက်မှုကို ဒီအစည်းအဝေးမှာ  ထပ်လောင်းအတည်ပြုနိုင်ဖို့ အထူးမျှော်မှန်းထားတယ်” လို့ ကြေညာထုတ်ပြန်ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013