DVB Logo
Home
မြန်မာသတင်း
မြန်မာတနိုင်ငံလုံး အမှိုက်သိမ်းယဉ် ၁၈၀၀ ကျော်သာရှိ
DVB
·
October 16, 2014
မြန်မာတနိုင်ငံလုံး အမှိုက်သိမ်းယဉ် ၁၈၀၀ ကျော်သာရှိ
Donate to DVB

မြန်မာနိုင်ငံမှာ နေပြည်တော်ကောင်စီနယ်မြေအပါအ၀င် ပြည်နယ် ၇ ခု တိုင်း ၇ ခုနှစ် စုစုပေါင်း ၁၅ ခုမှာ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီရဲ့စာရင်းအရ အမှိုက်သိမ်းယာဉ်စုစုပေါင်း  ၁၈၅၀ ပဲ ရှိပါတယ်။

တတိုင်းပြည်လုံးမှာရှိတဲ့ စာရင်းက အမှိုက်သိမ်းယာဉ် ၁၀၉၂ စီး၊ ထော်လာဂျီ ၇၆ စီး၊ တစ်ပါထော်လာဂျီ ၁၇၁ စီး၊ အလုံပိတ်အမှိုက်သိမ်းယဉ် ၄၃ စီး၊  ထွန်စက်အမှိုက်သိမ်းယာဉ် ၃၉ စီး၊ ယန္တရား  (၃၆၁) စီး၊ အန်ဘရိုထရပ် (၂၇) စီး နဲ့  Rc (၄၁) တို့ ဖြစ်ပါတယ်။

အမှိုက်သိမ်းယာဉ်တွေဟာ မြို့နယ်တွေမှာသာရှိပြီး ကျေးရွာတွေအတွက် အမှိုက်သိမ်းယာဉ် သီးခြားတိုးချဲ့ထားရှိဖို့ လောလောဆယ် အစီစဉ်မရှိသေးဘဲ မြို့နယ်အစီစဉ်နဲ့ပဲ ဆောင်ရွက်ပေးမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ၁ ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်း ကပြောပါတယ်။

ကျေးရွာတွေမှာ အမှိုက်သိမ်းဆည်းမှုနဲ့ပတ်သက်ပြီး အမှိုက်စွန့်ပစ်ဖို့ နေရာတွေကို ကျေးရွာအစီအစဉ်နဲ့ သတ်မှတ်သိမ်းဆည်းဆောင်ရွက်နေပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ စီမံခန့်ခွဲရေး နည်းလမ်းနဲ့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကျေးရွာတွေမှာ အမှိုက်သိမ်းဆည်းဖို့ လိုအပ်ပါက မြို့နယ်စည်ပင်သာယာရေးက အမိုက်သိမ်းယာဉ်တွေ စေလွှတ်သိမ်းဆည်းပေးနေတယ်လို့ ပြောပါတယ်။

မြို့နယ်အလိုက်  ဘဏ္ဍာငွေကြေးသုံးစွဲမှုပေါ် မူတည်ပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့တွေကို အမှိုက်သိမ်းယာဉ်တွေ ၀ယ်ယူဖြည့်ဆည်းပေးနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013