
နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ စတုတ္ထ အကြိမ်မြောက် ကျောက်မျက် အရောင်းပွဲကို လာရောက်သူ ၃၄၀၀ နီးပါးရှိပြီး ကျောက်မျက်အရိုင်း အတွဲ ၁၆၀ နဲ့ ကျောက်စိမ်း အသားကျောကအတွဲ ၇၀၀၀ နီးပါးကို အိတ်ဖွင့် တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တွေနဲ့ ရောင်းချပေးနေပြီလို့ မြန်မာ့သတင်းစဉ်က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က တန်ဖိုးကြီး ကျောက်မျက်အရိုင်း အတွဲ ၁၆၀ စလုံးကို အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ပြီး ဒီကနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ တင်ဒါ အောင်စာရင်း ကြေငြာရောင်းချသွားမှာ ဖြစ်ပါတယ်။
ကျန်တဲ့ ကျောက်စိမ်း အသားကျောက်အတွဲ ၇၀၀၀ နီးပါးကိုတော့ အောက်တိုဘာ ၁၉ ရက်နေ့အထိ ဈေးနှုန်းလွှာ တင်သွင်းရမှာ ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ နေ့စဉ် ကြေညာရောင်းချပေးသွားမယ်လို့ သိရပါတယ်။










