လူးဝစ်ဆွာရက်ကို ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု ချီးမြှင့်

အရင် လီဗာပူးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဟာ အောက်တိုဘာ ၁၅ ရက်နေ့က ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံးဆု ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ပရီမီးယားလိဂ်ဘာလုံးရာသီမှာ စုစုပေါင်း ၃၁ ဂိုးသွင်းခဲ့တာပါ။ သူ့ကို လီဗာပူးရဲ့ ဂန္ထ၀င်ဘောလုံးသမားကြီး ကင်နီ ဒယ်လ်ဂလိပ်(Kenny Dalglish)က ရွှေဖိနပ်ဆုကို ချီးမြှင့်ပေးခဲ့ပါတယ်။ Luis-Suarez-Awarded-Golden-Bootဆွာရက်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားက အီတလီနောက်ခံလူ ဂျော်ဂျီယို ချေလီနီ (Giorgio Chiellini)ကို ကိုက်ခဲ့လို့ ဘောလုံးကစားခွင့် ၄ လနဲ့ နိုင်ငံလက်ရွေးစင်ပွဲ ၉ ပွဲ ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမယ့် လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့မှာ ပိတ်ပင်မှုက လွတ်မြောက်မှာ ဖြစ်ပြီး နောက်တရက် ရီးရဲယ် မက်ဒရစ်နဲ့ပွဲမှာ ဘာစီလိုနာ နည်းပြက ရွေးချယ်ရင် ၀င်ရောက်ကစားနိုင်မှာ ဖြစ်ပါတယ်။ ဥရုဂွေးလက်ရွေးစင် လူးဝစ်ဆွာရက်က “ဘာနေဗျူး(Bernabeu)ကွင်းမှာ ပြိုင်ဖက် ရီးရဲလ်  နဲ့သာ ကစားခွင့်ရခဲ့ရင် တကယ့်ပွဲကြီးပွဲကောင်းကို ကစားခွင့်ရမှာ ဖြစ်တယ်။ ဘာစီလိုနာအကျီကို ၀တ်ပြီး အကောင်းဆုံးကစားသွားချင်တယ်” လို့ ပြောဆိုပါတယ်။ ဆွာရက်ဟာ ပွဲပိတ်ပင်ခံထားရတဲ့ကာလအတွင်း ဘာစီလိုနာကစားဖော်တွေနဲ့ အပြင်းအထန် လေ့ကျင့်ကွင်းဆင်းခဲ့ပြီး ဥရုဂွေးလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲကစားခဲ့တာမှာတော့ ရာနှုန်းပြည့် ကြံ့ခိုင်မှု ရှိနေတာကို တွေ့ရပါတယ်။ လီဗာပူးမှာ ကစားခဲ့တုန်းက သူနဲ့ သူ့မိသားစုအပေါ် တသင်းလုံးက ဖေးမ ကူညီခဲ့တာ အတွက်လည်း အထူးကျေးဇူးတင်ကြောင်း သူက ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up