DVB Logo
Home
မြန်မာသတင်း
မိုင်းဆတ်နယ်မြေတွင် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
DVB
·
October 16, 2014
မိုင်းဆတ်နယ်မြေတွင် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
1 / 4
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မိုင်းဆတ်နယ်မြေထဲမှာ မြန်မာစစ်တပ်က မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်း အမြောက်အမြား ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မိုင်းဆတ်ဗျူဟာမှူး ဗိုလ်မှူးရဲထွေးက ဦးဆောင်ပြီး တာချီလိတ်ခရိုင် တပ်မတော် တပ်ရင်းအပါအ၀င် တပ်ရင်း  ၃ ရင်းက ပူးပေါင်းအင်အား ၁၅၀ ကျော်ဟာ မိုင်းဆတ်ခရိုင်နဲ့ တာချီလိတ်ခရိုင်ကြားက လွိုင်တော်ခမ်းကျေးရွာအုပ်စု ရေပူစမ်းကျေးရွာကို ၀င်ရောက် စစ်ဆေးရှာဖွေရာက တောအုပ်ထဲကနေ အဲဒီပစ္စည်းတွေကို ပိုင်ရှင်မဲ့အနေနဲ့ ဖမ်းဆီးရမိတာလို့  တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့ပစ္စည်းတွေထဲမှာ တအိတ်ကို ရာဘဆေးပြားအလုံးရေ ၁၀၀ ၀င်ဆန့်တဲ့ ပလတ်စတစ်အိတ်ငယ် အလွတ် စုစုပေါင်း ၆၂၉၀၀ အိတ်၊ အဖြူရောင် ကာဖင်းမှုန့် အလေးချိန် စုစုပေါင်း ၈၅ ကီလိုဂရမ် (ကာလတန်ဖိုး ၆၃၇၅၀၀၀ ကျပ်)၊ အ၀ါရောင် ဗင်နလင်ဆေးမှုန့် ၅ ကီလိုဂရမ် (ကာလတန်ဖိုး ၃၀၀၀၀ ကျပ်) ၊ ကော်မှုန့် ၁၀ ကီလိုဂရမ် ( ကာလတန်ဖိုး ၂၈၀၀ ကျပ်)၊ မူးယစ်ဆေးထုတ်ပိုးရာမှာ အသုံးပြုတဲ့ ရှမ်းစက္ကူ နဲ့  စည်းနှောင်ဖို့ စယ်လိုတိပ်တွေ ပါဝင်တယ်လို့  ဆိုပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့နေရာဟာ ထိုင်းအမျိုးသားလုံခြုံရေးအဖွဲ နယ်စပ်မူးယစ်ဆေး ထုတ်လုပ်ရာနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ နေရာပေါင်း ၁၁ နေရာထဲက တခု အပါအ၀င် ဖြစ်ပြီး  အဲဒီနေရာဟာ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ လားဟူပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကြီးယီ့ဆေး သြဇာညောင်းတဲ့ နယ်မြေလည်း ဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်မူးယစ်ရဲတပ်ဖွဲ့ကို ဒီဗွီဘီက မေးမြန်းရာမှာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပြီး ဖြေကြားနိုင်မယ်လို့  အရာရှိတဦးက ပြောသွားပါတယ်။

[gallery ids="67975,67976,67977,67978"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013