DVB Logo
Home
မြန်မာသတင်း
Bi မွန်းတည့်နေ သတင်းသမားများကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
DVB
·
October 16, 2014
Bi မွန်းတည့်နေ သတင်းသမားများကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
Donate to DVB

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံထားရတဲ့ Bi မွန်းတည့်နေဂျာနယ်က သတင်းထောက်တွေကို ဒီနေ့ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

[caption id="attachment_60766" align="alignleft" width="300"]ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ရုံးထုတ်စဉ်က ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ ရုံးထုတ်စဉ်က[/caption]

Bi မွန်းတည့်နေ ဂျာနယ်က အယ်ဒီတာ ၂ ဦး၊ သတင်းထောက် ၁ ဦးနဲ့၊ ထုတ်ဝေသူ ၂ ဦး စုစုပေါင်း ၅ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခနဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံး က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာလို့ တရား လွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက ပြောပါတယ်။

ချုပ်နှောင်ထားတဲ့ ၃ လ ကျော်ကိုတော့ ထုတ်နုတ်ကျခံရမယ်လို့လည်း သူက ပြောပါတယ်။

“ဒီနေ့ အမိန့်ချလိုက်တယ်။ အမိန့်ချတဲ့အခါကျတော့ ၅၀၅ (ခ)ရဲ့ အမြင့်ဆုံး ပြစ်ဒဏ် ချလိုက်တာပေါ့။ အမြင့်ဆုံး ပြစ်ဒဏ်ဆိုတာက ၂ နှစ်ပေါ့။”

အမှုလျှောက်လဲစဉ်မှာတော့ မီဒီယာဥပဒေနဲ့ ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးဖို့ လျှောက်လဲခဲ့ပေမယ့် ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိတဲ့အတွက် ခရိုင်တရားရုံးမှာ အယူခံ လျှောက်လဲရာမှာတော့ ပြောဆိုမယ်လို့ သူက ပြောပါတယ်။

မီဒီယာဥပဒေကို ထည့်သွင်း သုံးသပ်တာ မရှိတဲ့အတွက် ထည့်သွင်းသုံးသပ်ပေးဖို့ဆိုတဲ့ အချက်ကို အယူခံအကြောင်းပြချက်အနေနဲ့ တင်ပြပြီး အနောက်ပိုင်းခရိုင် တရားရုံးမှာ အယူခံ လျှေက်သွားမယ်လို့ ဦးကျော်ဝင်းက ရှင်းပြပါတယ်။

ဒီလို အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး စိတ်ပျက်မိသလို ပြန်ကြားရေးဝန်ကြီးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေပါ မီဒီယာဥပဒေ အသက်ဝင်ပြီလို့ ပြောဆိုတာကို တရားရေးမဏ္ဍိုင်က လျစ်လျူရှုခဲ့တယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ) ပြောခွင့်ရ ဦးဇော်သက်ထွေးက ပြောပါတယ်။

“ဒါဟာ မဏ္ဍိုင်တခုနဲ့ တခုကြား အချိတ်အဆက်အသွယ် ပြတ်တောက်တာကို ပြသသလို ကျနော်တို့ မီဒီယာနဲ့ တခြားနယ်ပယ်တွေအကြားက နားလည်မှု ကြီးကြီးမားမား လွဲချော်တာကို သက်သေပြလိုက်သလို ဖြစ်သွားပါတယ်။ အထူးသဖြင့် တရားရေးမဏ္ဍိုင်က မီဒီယာတွေကို လိုလား နှစ်သက်မှုမရှိဘူးလို့ ကျနော်အနေနဲ့ ယူဆလာစရာ ရှိနေပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (MDCF) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဖော်ပြလို့ Bi မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဇူလိုင်လမှာ ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ထားတာပါ။

ဒါပေမယ့် သြဂုတ်လမှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ပြောင်းလဲပြီး အမှု ဖွင့်လှစ်ခဲ့ပြီး အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013