DVB Logo
Home
မြန်မာသတင်း
ဦးဆန်းဆင့် တရားစွဲဆိုခံရမှု သူရဦးရွှေမန်း နိုင်ငံတော်သမ္မတကို သ၀ဏ်လွှာပို့
DVB
·
October 16, 2014
ဦးဆန်းဆင့် တရားစွဲဆိုခံရမှု သူရဦးရွှေမန်း နိုင်ငံတော်သမ္မတကို သ၀ဏ်လွှာပို့
Donate to DVB

ဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားစွဲဆိုခံထားရတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ထံ အောက်တိုဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာတစ်စောင် ပေးပို့ထားတယ်လို့ အလုံမဲဆန္ဒ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

10350630_736733833031786_6042376695425639374_nဦးဆန်းဆင့်ကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အနေနဲ့ ပြန်လည်သုံး သပ်ပြီး သက်ညှာစွာစဉ်း စားပေးဖို့ ပြစ်မှုတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးနိုင်ဖို့ ဆရာတော် သံ ဃာတော်တွေ၊ ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူလူထု ၁၀၀၄ ဦးတို့က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို မေတ္တာရပ်ခံစာတွေ ပေးပို့လာတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်တို့ထံ သဝဏ်လွှာပေးပို့တာ ဖြစ်ပါတယ်။

အဲဒီသဝဏ်လွှာမှာ ဦးဆန်းဆင့်အပေါ် တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ အုပ်ချုပ်ရေးကဏ္ဍက ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး တရားစွဲဆိုတင်ပို့လာတဲ့အမှုကို တရားစီရင်ရေးကဏ္ဍဖြစ်တဲ့ တရားရုံးက စစ်ဆေးစီရင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ရှင်းလင်းပြောကြားမှာဖြစ်သလို မေတ္တာရပ်ခံလာတဲ့ သံဃာတော်တွေကို သင့်တော်တဲ့နည်းလမ်းနဲ့ လျှောက်ထားအသိပေးသွားမယ်လို့ ပါရှိပါတယ်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံစားမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က တို့နဲ့ တရားစွဲဆိုထားခြင်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013