DVB Logo
Home
မြန်မာသတင်း
စံညွှန်းမမီ ကျောက်မီးသွေးစက်ရုံများ ခွင့်ပြုမည်မဟုတ်ဟု ဒုဝန်ကြီးပြော
DVB
·
October 16, 2014
စံညွှန်းမမီ ကျောက်မီးသွေးစက်ရုံများ ခွင့်ပြုမည်မဟုတ်ဟု ဒုဝန်ကြီးပြော
Donate to DVB

မြန်မာပြည်ရဲ့ လျှပ်စစ်လိုအပ်ချက်အရ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ရှိနေပြီး  ဒီစက်ရုံတွေ တည်ဆောက်တဲ့အခါ အခြားနိုင်ငံတွေက သုံးစွဲပြီး စွမ်းရည်ကျဆင်းနေတဲ့ စံညွန်းမမီ စက်အစိတ်အပိုင်းတွေကို သုံးခွင့်ပြုမှာ မဟုတ်ဘူးလို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။

Parliment 12092014အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပတဲ့  ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ  ချောက်မြို့နယ်အမတ်  ဦးသိန်းလွင်က အခြားနိုင်ငံတွေမှာ သုံးစွဲပြီး စက်စွမ်းရည် ကျဆင်းနေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်တွေ တင်သွင်းလာမှု မရှိစေရေး ထိန်းသိမ်းကြပ်မတ်မှု ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

တရုတ်ပြည်မှာ လေထုညစ်ညမ်းမှုကြောင့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေကို လျှော့ချတဲ့အခါ အိမ်နီးချင်းဖြစ်တဲ့ မြန်မာပြည်ကိုလည်း ၀င်ရောက်လာနိုင်ကြောင်း ပြောပါတယ်။

ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးကတော့ ကျောက်မီးသွေးစက်ရုံ တည်ဆောက် မယ့် ကုမ္ပဏီတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့သာ ကိုက်ညီမှ လုပ်ခွင့်ပေးမယ်လို့ ဖြေကြားသွားပါတယ်။

ဒါကြောင့် စွမ်းရည်ကျဆင်းနေတဲ့ ကျောက်မီးသွေးစက်ရုံတွေကို ပြန်လည်ပြင်ဆင် သုံးစွဲရင် သတ်မှတ်စံညွန်းနဲ့ ကိုက်ညီမှာ မဟုတ်သလို ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လေထု ညစ်ညမ်းမှု ရှိတဲ့စက်ရုံတွေ ဖြစ်ရင်လည်း ပိတ်သိမ်းသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေမှာ ရပ်တန့်ရန် စီမံချက်ချခံထားရတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဟာ ကမ္ဘာ့ဘဏ် သတ်မှတ်ချက်စာချုပ်နဲ့ ကိုက်ညီမှု မရှိတဲ့အတွက် အဲဒီစက်ရုံတွေကို ပြန်ပြင်ပြီး ယူဆောင်လာရင် ခွင့်ပြုမှာ မဟုတ်ကြောင်း ဦးမော်သာထွေးက ပြောပါတယ်။

မြန်မာပြည်ဟာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များစွာရှိတဲ့အတွက် ကျောက်မီးသွေးကို သုံးစွဲပြီး ဓာတ်အားပေးဖို့ လုပ်ငန်းစဉ်တွေကို အရင်ကလည်း ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပြီး ဖြစ်ပေမယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရဲ့ အရည်အသွေး စံချိန် စံညွန်းတွေ မပါဝင်ခဲ့လို့ ကြယ်ပွင့်ပြမေးခွန်းအနေနဲ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့တာလဲ ဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးကတော့  ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွင်း တည်ဆောက်ဆဲ၊  တည်ဆောက်ပြီးနဲ့  တည်ဆောက်ဖို့ လျာထားတဲ့  ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့သုံး  ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေရဲ့  စက်တပ်ဆင် အင်အား စုစုပေါင်း   ၈၅၄၈ မဂ္ဂါဝပ်ကျော်ရှိတဲ့အကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လက ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013