DVB Logo
Home
မြန်မာသတင်း
ကုန်ကြမ်းရှားပါးမှုကြောင့် တိရစ္ဆာန်အစာစပ်စက်ရုံများ ရပ်နားထားရ
DVB
·
October 16, 2014
ကုန်ကြမ်းရှားပါးမှုကြောင့် တိရစ္ဆာန်အစာစပ်စက်ရုံများ ရပ်နားထားရ
Donate to DVB

ပြည်တွင်းမှာ တိရစ္ဆာန်အစားအစာ ကုန်ကြမ်းရှားပါးမှုကြောင့်  အစာစပ်စက်ရုံတချို့ ရပ်နားထားရတဲ့အပြင် တနိုင်တပိုင်မွေးမြူရေးသမားတွေလည်း ဆက်လက်ရပ်တည်နိုင်ဖို့ အခက်အခဲ တွေ့နေပါတယ်။

ပြည်တွင်းက ဆီကြိတ်စက်တွေမှာ ကုန်ကြမ်း မရရှိလို့ စက်မလည်ပတ်နိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် တိရစ္ဆာန်အစာစပ်စက်ရုံတွေမှာလည်း အဓိက ကုန်ကြမ်းဖြစ်တဲ့ ပဲဖတ်နဲ့ နှမ်းဖတ်တွေ မလုံလောက်မှု ပြဿ      နာနဲ့ ရင်ဆိုင်နေရတယ်လို့  မြန်မာနိုင်ငံ ငါးနဲ့ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးက ပြောပါတယ်။

ပြည်တွင်းမှာ တိရစ္ဆာန် အစာကုန်ကြမ်းရှားပါးလို့  ပြည်ပကနေ တင်သွင်းတဲ့နေရာမှာ အခွန်အကောက် ကြီးမြင့်မှုပြဿ      နာကလည်း ရှိနေပါတယ်။

အခွန်အကောက်တွေ လျှော့ပေါ့ပေးဖို့ အစိုးရထံ တောင်းဆိုထားပြီး ဖြစ်ပေမယ့် အကြောင်းတစုံတရာ တုံ့ပြန်မလာသေးကြောင်း မြန်မာနိုင်ငံ ငါးနဲ့ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌက ဆိုပါတယ်။

ပြည်တွင်းတိရစ္ဆာန်အစာ ကုန်ကြမ်းလိုအပ်ချက်အတွက် ပဲပုတ်ဖတ်ကို အာဂျင်တီးနား၊ အိန္ဒိယ၊ ဘရာဇီးနဲ့ အမေရိကန်နိုင်ငံတွေဆီကနေ တင်သွင်းမှု ရှိတဲ့အနက် အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတွေက အရည်အသွေးကောင်းမွန်တဲ့အတွက် ၁ ပိဿာကို ၁၂၀၀ ကျပ်နှုန်းနဲ့ အမြင့်ဆုံး ရှိပြီး အိန္ဒိယနဲ့ အာဂျင်တီးနားနိုင်ငံတွေကတော့ ၁၁၀၀ ကျပ်နှုန်း ရှိပါတယ်။

အလားတူ ပြည်တွင်းက ထွက်ရှိတဲ့ ပဲဖတ်ဈေးနှုန်းကလည်း လက်ရှိမှာ ၁ ပိဿာကို  ၁၂၀၀ ကျပ်နှုန်း ရှိလို့ နိုင်ငံခြားက တင်သွင်းတဲ့ဈေးနှုန်းနဲ့ ကွာခြားမှုတော့ သိပ်ကြီးကြီးမားမားမရှိပါဘူး။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးခင်စိုးကတော့ တိရစ္ဆာန်  အစာကုန်ကြမ်းရှားပါးမှု ပြသနာဟာ  စားသုံးသူတွေအတွက်လည်း နောက်ဆက်တွဲ ပြဿ   နာအဖြစ်  ဈေးနှုန်းကြီးမြင့်မှုကို ခံစားစေရတယ်လို့ ပြောပါတယ်။

ပြည်တွင်းမှာ  တိရစ္ဆာန်အစာ ကုန်ကြမ်းရှားပါးမှုကြောင့် အစိုးရပိုင် အစာစပ်စက်ရုံ ၅ ခု အပါအ၀င် ပုဂ္ဂလိကပိုင် စက်ရုံ တချို့ လတ်တလာမှာ ရပ်နားထားရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013