DVB Logo
Home
မြန်မာသတင်း
ထိုးစစ်ချက်ချင်းရပ်တန့်ပေးရန် အစိုးရကို ယူအန်အက်ဖ်စီ တောင်းဆို
DVB
·
October 15, 2014
ထိုးစစ်ချက်ချင်းရပ်တန့်ပေးရန် အစိုးရကို ယူအန်အက်ဖ်စီ  တောင်းဆို
Donate to DVB

မြန်မာ့တပ်မတော် ထိုးစစ်တွေ ချက်ချင်းရပ်ပေးဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်မဖြစ်ပွားစေဖို့ အရေးယူဆောင်ရွက်ပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က အစိုးကို တောင်း ဆိုလိုက်ပါတယ်။။

[caption id="attachment_65713" align="alignleft" width="300"]naing han tar နိုင်ဟံသာ[/caption]

လတ်တလော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်အ တွင်း ပြန် လည်ဖြစ်ပွားနေ တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ် မိကြောင်း ယူအန်အက်ဖ်စီက ဒီကနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ယူအန်အက်ဖ်စီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက “ဒီလိုမမျှော်လင့်ပဲ ဖြစ်လာတဲ့အပေါ်မှာ အရှိန်မြန်မြန်သပ်နိုင်ဖို့ အရေးကြီးတယ်။ အရှိန်မသပ်နိုင်ဘူးဆိုရင် နောက်ပိုင်ကြီးကျယ်လာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်လာ လိမ့်မယ်။ နောက်ဆုံးကတော့ အဲလိုဖြစ်လာရင် ရရှိထားတဲ့ နိုင်ငံရေးဆွေးနွေးမှုအရှိန်ဟာ ပျက်ပြား သွားပြီးတော့မှ ပြန်ထိန်းဖို့ တော်တော်လေးကို ခဲယဉ်းသွားမယ့် အနေအထားမှာရှိတယ်။ အဲဒါမျိုးကို မဖြစ်ခင်မှ အတတ်နိုင်ဆုံးသဘောထားကြီးကြီးထားဖို့ တိုက်တွန်းချင်တယ်” လို့ ပြောပါတယ်။

အခုလက်ရှိ ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က အရင်ရန်လိုလို့ တိုက်ခိုက်တာမဟုတ်ဘဲ အစိုးရတပ်ဘက်က  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိရာဘက် အင်အားသုံးပြီး ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

ယူအန်အက်ဖ်စီရဲ့ကြေညာချက်မှာတော့ စစ်ရေးနည်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာကို လက်မခံတဲ့အကြောင်းနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှသည် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေး စားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာသွားဖို့လည်း အစိုးရကို တိုက်တွန်းထားပါတယ်။

ဒီတိုက်တွန်းချက်ကို အစိုးရဆီ တိုက်ရိုက်ပေးပို့တာ မရှိပေမယ့် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်တဲ့အခါ ထပ်မံပြောဆိုတိုက်တွန်းသွားမယ်လို့  နိုင်ဟံသာက ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013