DVB Logo
Home
မြန်မာသတင်း
အရပ်အပုဆုံး ရှားပါး ထရုန်လူမျိုးများကို ထိန်းသိမ်းရန် အစီစဉ်မရှိသေး
DVB
·
October 15, 2014
အရပ်အပုဆုံး ရှားပါး ထရုန်လူမျိုးများကို ထိန်းသိမ်းရန် အစီစဉ်မရှိသေး
1 / 2
Donate to DVB

မြန်မာပြည်မှာ အရပ်အပုဆုံး ရှားပါး ထရုန်လူမျိုးတွေကို  မပျောက်ကွယ်အောင် ထိန်းသိမ်းဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနတခုတည်းအနေနဲ့ အစီအစဉ်မရှိဘူလို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းဆွေကပြောဆိုလိုက်ပါတယ်။

ထရုန်လူမျိုးတွေဟာ မြန်မာပြည်မှာရှိတဲ့ အရှားပါးဆုံးလူမျိုးတွေဖြစ်ပြီး ထရုန်လူမျိုးစစ်စစ် ဆိုလို့ ငါးဦးပဲ ကျန်တော့ပါတယ်။

ရန်ကုန်တက္ကသိုလ် မနုဿ  ဗေဒဌာနက ၂၀၀၃ မှာလုပ်ခဲ့တဲ့  တိုင်းရင်းသားများဆိုင် ရာသုတေသနတွေ့ရှိချက်မှာတော့ ထရုန်လူမျိုးစစ်စစ်ဟာ ထရုန်မောင်နှမလေးယောက်နဲ့ အသက် ၁၀၀ ကျော် ထရုန်တယောက်သာရှိတော့ကြောင်း ဖော်ပြထားပါတယ်။

ကျန်ရှိတဲ့ ထရုန် ငါးဦးမှာ အရပ်ပုသူတွေဖြစ်ပြီး ပျှမ်းမျှအားဖြင့် လေးပေမှ လေးပေခွဲလောက်ပဲ ရှိကြပါတယ်။

ဒီလို ရှားပါးပြီး ပျောက်ကွယ်တော့မယ့် လူမျိုးဖြစ်လို့ မျိုးဆက်ပြန့်ပွားဖို့နဲ့ ထိန်းသိမ်းဖို့ လိုအပ်နေပေမယ့် အဲ့ဒီလူမျိုးတွေရဲ့ လက်ထပ်မှုဆိုင်ရာ စည်းကမ်းအရ မျိုးနွယ်တူချင်း လက်ထက်တာကို တားမြစ်ထားတဲ့အတွက် မျိုးဆက်ပြန်ပွားဖို့ မဖြစ်နိုင်တော့ကြောင်း အချိန်မီပညာပေးဖို့လိုအပ်ကြောင်း ဦးသန်းဆွေကဆိုပါတယ်။

ထရုန်လူမျိုး ပျောက်ကွယ်မသွားပဲ ရေရှည်တည်တန့်ခိုင်မြဲအောင် ထိန်းသိမ်းဖို့အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနတခုတည်းနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ ကိစ္စမဟုတ်ကြောင်း သက်ဆိုင်ရာပြည်နယ်အစိုးရနဲ့ ပူပေါင်းဆောင်ရွက်ဖို့ လိုအပ်တာကြောင့် ထိန်းသိမ်းဖို့ အစီစဉ်မရှိကြောင်းပြောဆိုပါတယ်။

ထရုန်လူမျိုးတွေဟာ  တိဘက်တိုမြန်မာ လူမျိုးအုပ်စုဝင်တွေဖြစ်ပြီး မြန်မာပြည်မြောက်ဖျား ထရုန်  ကချင်မြောက်စွန်း ပူတာအိုခရိုင်အတွင်းက နောင်မွန်မှာ နေထိုင်ကြပါတယ်။

ထရုန်မြစ်ဝှမ်းအထက်ပိုင်းဒေသမှာ ပေါက်ပွားနေထိုင်တာကို အစွဲပြုပြီး ထရုန်လူမျိုးဖြစ်ပေါ်လာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013