ကော်သူးလေတပ်ပြန်လည်စုစည်းခြင်းဖြစ်၊ တပ်သစ်တခုဖွဲ့စည်းခြင်းမဟုတ် - မေးမြန်းချက်
နော်နိုရင်း
·
October 15, 2014
ကရင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ကော်သူးလေတပ်မတော်အဖြစ် ပြန်လည်ပေါင်းစည်းဖို့ သဘောတူညီချက်ရရှိကြောင်း ပူးတွဲထုတ်ပြန် ကြေညာချက်တရပ် အောက်တိုဘာလ ၁၃ ရက်နေ့က ထွက်ပေါ်ခဲ့ပါတယ်။
[caption id="attachment_41915" align="alignleft" width="300"] ပဒိုမန်းမန်း (ဓာတ်ပုံ - ကေအိုင်စီ)[/caption]
ဒီကော်သူးလေ တပ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ရဲ့ အတွင်းရေးမှူး ၂ ပဒိုမန်းမန်းကို မေးမြန်းရာမှာ ဒီကော်သူးလေတပ်ကို စုစည်းလိုက်တာဖြစ်ပြီး လာမယ့် အောက်တိုဘာ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။ ပဒိုမန်းမန်းကို နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။