Home
မြန်မာသတင်း
လိပ်ကျွန်းအမှု ဗြိတိန်နှင့်မြန်မာ စောင့်ကြည့်ရေးအဖွဲ့များကို ထိုင်းခွင့်ပြု
DVB
·
October 15, 2014
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေကို စောင့်ကြည့်ဖို့အတွက် ဗြိတိန်နဲ့ မြန်မာနိုင်ငံက လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ထိုင်းက မူအားဖြင့် ခွင့်ပြုသွားဖို့ သဘောတူလိုက်ပါတယ်။ 680726ထိုင်းနိုင်ငံ ရဲတပ်ဖွဲအကြီးအကဲ၊ အမြဲတမ်းလက်ထောက် နိုင်ငံခြားရေးဝန်ကြီး၊ ဗြိတိန်သံအမတ်နဲ့ မြန်မာသံအမတ်တို့ တွေ့ဆုံရာမှာ အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းစာက ရေးပါတယ်။ လာမယ့်ဆွေးနွေးပွဲတွေမှာ လက်တွေ့ ဘယ်လို လေ့လာစောင့်ကြည့်နိုင်မလဲ အသေးစိတ် အကြောင်းအရာတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဗြိတိန်အခြေစိုက် ထိုင်းသံမှူးကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံး ၀န်ကြီး ဟူဂိုးဆွာရာက ဆင့်ခေါ်ခဲ့အပြီးမှာ နောက်တနေ့မှာ အခုလို တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရကတော့ ထိုင်းအစိုးရက ဒီဖြစ်ရပ်ကို ပွင့်လင်း မြင်သာမှုရှိရှိလုပ်ဆောင်နေတယ်ဆိုတာကို သံအမတ်တွေကို နားလည်အောင် ရဲတပ်ဖွဲ့ အကြီးအကဲက လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ထိုင်းနဲ့ မြန်မာအစိုးရက  ဒီဖြစ်စဉ်ကို လေ့လာစောင့်ကြည့်ဖို့ အတွက် စောင့်ကြည့်ရေး အဖွဲ့တွေကို လွတ်ဖို့ အသင့်ဖြစ်နေပြီး ရဲတပ်ဖွဲ့အကြီးအကဲက လိုလိုလားလား လက်ခံတယ်လို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကြိုဆိုလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024