ဂျပန်ရုပ်ရှင်ပွဲတော် ကျင်းပ ပြုလုပ်မည်
DVB
·
October 15, 2014

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ပြီး ဂျပန်ရုပ်ရှင်ပွဲတော်ကို ရှမ်းပြည်နယ် တောင်ကြီး၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပ ပြုလုပ်ဖို့ ရှိပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၂ ရက်နေ့အထိ တောင်ကြီးမြို့ ဗန္ဓုလရုပ်ရှင်ရုံ၊ နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရန်ကုန် နေပြည်တော်ရုပ်ရှင်ရုံ၊ ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မန္တလေးမြို့ ၀င်းလိုက်ရုပ်ရှင်ရုံမှာ ဂျပန်ရုပ်ရှင်ဇာတ်ကားတွေကို အင်္ဂလိပ်နဲ့ မြန်မာစာတန်းထိုးပြီး ပြသမှာ ဖြစ်ပါတယ်။
မြန်မာ ဂျပန် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုကို ၁၉၅၄ ခုနှစ်မှာ စတင်ခဲ့ပြီး အခု ၂၀၁၄ ခုနှစ်မှာ နှစ် ၆၀ ပြည့်မှာ ဖြစ်ပါတယ်။
