DVB Logo
Home
Lead Story
စစ်တပ်ပြောခွင့်ရ ၃ ဦး ထားပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
October 15, 2014
စစ်တပ်ပြောခွင့်ရ ၃ ဦး ထားပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Donate to DVB

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်နဲ့ ပတ်သက်ပြီး ပြောခွင့်ရပုဂ္ဂိုလ် ၃ ဦး ထားရှိပေးမှာ ဖြစ်ပြီး သတင်းတွေလည်း ထုတ်ပြန်ပေးသွားမယ်လို့ စာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ အောက်တိုဘာ ၁၄ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။

[caption id="attachment_67838" align="alignright" width="300"]ဗိုလ်ချုပ်မှူးကြီးနှင့်စာနယ်ဇင်းကောင်စီ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးနှင့်စာနယ်ဇင်းကောင်စီ တွေ့ဆုံစဉ်[/caption]

ကာကွယ်ရေးဝန်ကြီး ဌာန က ဗိုလ်ချုပ်အောင်သော်၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်ချုပ်အောင်ရဲဝင်း တို့ ၃ ယောက်ကို မီဒီယာနဲ့ ဆက်သွယ်ဖို့ ထားပေးမှာ ဖြစ် ပါတယ်။

ဒီတွေ့ဆုံပွဲမှာ တပ်မတော်ဘက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ အဆင့်မြင့်အရာရှိတွေ တက်ရောက်ခဲ့သလို  စာနယ်ဇင်းကောင်စီယာယီဘက်ကတော့  ဥက္ကဋ္ဌအပါအ၀င် ၇ ဦးတို့ ၃ နာရီနီးပါး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ ပူးတွဲ ကြေညာချက်မှာတော့ တပ်မတော်နဲ့ ပတ်သက်တဲ့ ပြည်သူနဲ့ တိုင်းပြည်ကို အသိပေးသင်တဲ့ သတင်းတွေကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ တပ်မတော်က သတင်းထုတ်ပြန်မှု လွယ်ကူချောမွေ့စေရေးအတွက် အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်သွားမယ်လို့ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013