သာသနာရေးဝန်ကြီးဟောင်းအမှု အောက်တိုဘာ ၁၇ အမိန့်ချမည် (ဓာတ်ပုံ)







920
ငွေကြေးအလွဲသုံးစားမှုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတဲ့ သာသနာရေ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒက္ခိဏ ခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ အမိန်ချမှတ်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ တာဝန်ကရပ်စဲပြီး တပြိုင်တည်း နေပြည်တော်၊ ဥတ္တရသီရိမြို့ ဘုရားကုန်းမြို့မ ရဲစခန်းမှာ ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။
[gallery ids="67806,67807"]