ချောင်းသာမှာ ပင်လယ်ပြင် အပျော်လေထီးစီး ၀န်ဆောင်မှု ပေးမည်
DVB
·
October 14, 2014
ပင်လယ်ပြင် အပျော်လေထီးစီး အစီအစဉ်တခု ချောင်းသာကမ်းခြေမှာ ၀န်ဆောင်မှု ပေးနေပြီလို့ ချောင်းသာဟိုတယ်ဇုန် လုပ်ငန်းရှင်များ အသင်းဝင် ဦးမင်းဇော်က ဒီဗွီဘီကို ပြောပါတယ်။
လေထီးစီးသူ ကို ရေပြင်ပေါ်မှာ စပိဘုတ်နဲ့ ချိတ်ဆက်ထားတဲ့ကြိုးနဲ့ အမြင့်ပေ ၃၀၀ လောက် ကနေ လေထဲ လွှင့်မျောလိုက် ပါနိုင်စေမယ့် ၀န်ဆောင်မှု မျိုး ဖြစ်ပါတယ်။
လေထီးစီးချိန် မိနစ် ၃၀ လောက်ကြာမယ့် ဒီ အပျော်စီးဝန်ဆောင်မှု အစီအစဉ်ကို ကျပ်ငွေ ၆ သောင်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေနဲ့ အခြားကမ်းခြေတွေမှာ ၀န်ဆောင်မှုပေးနေတဲ့ ဒီ အပျော်
လေထီးစီးအစီအစဉ်ကို ထိုင်းဘတ်ငွေ ၅၀၀ ၀န်းကျင်၊ မြန်မာကျပ်ငွေ ၁ သောင်းခွဲကနေ ၂ သောင်းကြား လောက်ပဲ သတ်မှတ်ထားတာမို့ မြန်မာနိုင်ငံ ချောင်းသာက အဲဒီ ပင်လယ်ပြင် လေထီးဝန်ဆောင်မှုဟာ ဈေးနှုန်း အလွန် ကြီးမြင့်နေတာ တွေ့ရပါတယ်။