DVB Logo
Home
သတင်းတို
အောက်တိုဘာ လကုန် CIF တန်ဖိုးအသစ် သတ်မှတ်မည်
DVB
·
October 14, 2014
အောက်တိုဘာ လကုန် CIF တန်ဖိုးအသစ် သတ်မှတ်မည်
Donate to DVB

ပြည်ပကနေ တင်သွင်းလာတဲ့ ကားတွေကို အခွန်ကောက်ခံရာမှာ သတ်မှတ်တဲ့ CIF ခေါ် ဆိပ်ကမ်းအရောက် ကားဈေးနှုန်းတွေကို အခု အောက်တိုဘာလကုန်ပိုင်းမှာ အသစ်ပြန်လည် သတ်မှတ်ပေးသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ ဂျပန် မာဇဒါကားအသစ် ပြခန်း မိတ်ဆက်ပွဲမှာ ပြည်ထောင်စုဝန်ကြီးက ခုလို ပြောလိုက်တာပါ။

လက်ရှိအချိန်မှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်မော်ဒယ် အင်ဂျင်ပါဝါ ၁၃၀၀ စီစီနဲ့ အောက် ကားတွေကို CIF တန်ဖိုး ဒေါ်လာ ၅၀၀၀ သတ်မှတ်ပြီး အခွန်ကောက်ခံနေတဲ့အတွက် ဂျပန်မှာ တကယ်အရောင်းအ၀ယ် ဖြစ်တဲ့ ကားဈေးနှုန်းထက် ဈေးနှုန်းပိုကြီးမြင့်နေပါတယ်။

ဒီအတွက် ကားဈေးနှုန်းတွေဟာလည်း ဖြစ်သင့်တဲ့နှုန်းထားထက် ပိုပြီး ဈေးကြီးနေရတယ်လို့ ကားတင်သွင်းသူ အရှေ့ဖျားကုမ္ပဏီပိုင်ရှင် ဦးမျိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013