တယ်လီနောက အခမဲ့အစီအစဉ် ၇ ခု ပေးမည်
DVB
·
October 14, 2014
မကြာမီ ရန်ကုန်မှာ ဖြန့်တော့မယ့် နော်ဝေအခြေစိုက် တယ်လီနော မိုဘိုင်းဖုန်း ဆင်းကတ်တွေမှာ အခမဲ့အစီအစဉ် ၇ ခုထိ ထည့်သွင်းပေးထားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။
[caption id="attachment_66218" align="alignright" width="300"] တယ်လီနောဆင်းကတ် မန္တလေးမြို့တွင် ရောင်းချပေးနေစဉ်[/caption]
အဲဒီအထဲ မြန်မာ့ ဆက်သွယ်ရေးမှာ ဆိုရင် ပြန် လည်လျှောက်ထားပြီး လစဉ်ကြေး နဲ့ နှစ်စဉ်ကြေး ပေးရတဲ့ Call Forwarding နဲ့ Call Waiting စနစ်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဖုန်းပြောနေ တုန်း နောက်ထပ် ဖုန်းတခု ထပ်ဝင်လာပါက ဖုန်းကို ချပစ်စရာမလိုပဲ ပြောင်းလဲကိုင်နိုင်တဲ့ Call Hold ၀န်ဆောင်မှု၊ လူ ၅ ယောက် တပြိုင်နက်တည်း ဖုန်းပြောနိုင်မယ့် Conference Call ၀န်ဆောင်မှုနဲ့ အ၀င်ခေါ်ဆိုမှုတွေကို Personal Voicemail ထဲကို ၀င်နိုင် မယ့် Call Divert ၀န်ဆောင်မှုနဲ့ ကိုယ်မကိုင်ချင်တဲ့ ဖုန်းတွေကို တားမြစ်ပေးတဲ့ Call Banning ၀န်ဆောင်မှုတွေ ပါဝင်ပါတယ်။