DVB Logo
Home
မြန်မာသတင်း
လသာမြို့နယ်တွင် ရွှေဆိုင်လုယက်မှုဖြစ်
DVB
·
October 14, 2014
လသာမြို့နယ်တွင် ရွှေဆိုင်လုယက်မှုဖြစ်
Donate to DVB

ရန်ကုန်မြို့ လသာမြို့နယ်ရှိ တိုင်အုံ ရွှေဆိုင်မှာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၁၀ ၀န်းကျင်က လုယက်မှုတခု ဖြစ်ပွားခဲ့ပါတယ်။

10348189_784725048232664_6868845249863157474_nလသာမြို့နယ် ၂၂ လမ်းအနီး မဟာဗန္ဓုလ လမ်းမပေါ်ရှိ တိုင်အုံ ရတနာရွှေဆိုင်ကို အသက် ၁၇နှစ် အရွယ် လူငယ်တဦးက ဆိုင်တွင်းရှိ ရွှေထည် ပစ္စည်းတွေကို လုယက်ခဲ့တာပါ။

ရွှေဆိုင်အတွင်းသို့ ဆယ်ကျော်သက် လူငယ် တဦးက ရွှေဝယ်ယူမယ် လို့ ဆိုတာကြောင့် ဆိုင်ဝန်ထမ်းက ရွှေထည်ပစ္စည်းများ ထုတ်ယူပြသနေချိန်မှာ အဲဒီလူငယ်က ရွှေဆွဲကြိုးနှစ်ကုံးကို လုယူထွက်ပြေးခဲ့တာပါ။

လုယူထွက်ပြေးတဲ့ လူငယ်ကို ရွှေဆိုင်အနီးမှာ ရှိနေသူတွေက ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့ကြောင်း ဖမ်းဆီးရာမှာပါဝင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ရွှေဆွဲကြိုး လုယူထွက်ပြေးတဲ့ အသက် ၁၇နှစ် အရွယ် လူငယ်ကို လသာမြို့နယ်ရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ လသာမြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013