DVB Logo
Home
မြန်မာသတင်း
မြန်မာ့လယ်ယာနှင့်ဆက်သွယ်ရေးကဏ္ဍ အစ္စရေး ရင်းနှီးမြှုပ်နှံလို
DVB
·
October 14, 2014
မြန်မာ့လယ်ယာနှင့်ဆက်သွယ်ရေးကဏ္ဍ အစ္စရေး ရင်းနှီးမြှုပ်နှံလို
Donate to DVB

အစ္စရေးနိုင်ငံက မြန်မာ့ လယ်ယာနဲ့ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်းရေးမှူုး ဦးအောင်နိုင်ဦးက ပြောကြားလိုက်ပါတယ်။

[caption id="attachment_67728" align="aligncenter" width="416"]အစ္စရေး-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုစဉ် အစ္စရေး-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုစဉ်[/caption]

အစ္စရေးနဲ့မြန်မာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ အပြန်အလှန် သဘောတူ စာချုပ်တခုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ ပထမဆုံးအကြိမ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

လတ်တလော အစ္စရေးနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ဆောင်ရွက်နေတာ မရှိသေးပေမယ့် ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေတော့ ရှိပါတယ်။

ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဥပဒေကို အခါအားလျော်စွာ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

အခအစိုးရသစ်လက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ၀င်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏရဲ့ တ၀က်နီးပါးက စက်မှုကဏ္ဍမှာ အများဆုံးဝင်ရောက်မှုရှိခဲ့ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့တဲ့ လုပ်ငန်းပရောဂျက်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂ သိန်းခွဲနီးပါး ဖော်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013