DVB Logo
Home
နိုင်ငံရေး
ဖွဲ့စည်းပုံပြင်ရေး တရားစွဲခံထားရသူ ၁၁ ဦးအမှု တရားလိုမလာသဖြင့် ထပ်မံရုံးချိန်း
DVB
·
October 13, 2014
ဖွဲ့စည်းပုံပြင်ရေး တရားစွဲခံထားရသူ ၁၁ ဦးအမှု တရားလိုမလာသဖြင့် ထပ်မံရုံးချိန်း
1 / 2
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့မှုကြောင့် မကွေးမြို့နယ်တရားရုံးမှာ တရားစွဲခံထားရတဲ့ ၁၁ ဦးကော်မတီဝင်တွေရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ ရုံးချိန်းမှာ တရားလိုဖြစ်သူ ရောက်မလာတဲ့အတွက် ရုံးချိန်းပျက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က တရားလိုဖြစ်သူ မကွေးတိုင်းသာသနာရေးညွှန်ကြားရေးမှူး ဦးသောင်းရွှေ ရောက်မလာတဲ့အတွက် အမှုမစစ်ဖြစ်ခဲ့သလို ဒီနေ့ ရုံးချိန်းမှာလည်း ရောက်မလာခဲ့တဲ့အတွက် အမှု မစစ်ဆေးဖြစ်ခဲ့တာပါ။

တရားလိုဖြစ်သူ တရားခွင်ကို ရောက်မလာတဲ့အပေါ် တရားစွဲခံထားရသူ ၁၁ ဦး ကော်မတီဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဌေးဦးက ပြောပါတယ်။

[caption id="attachment_67702" align="alignright" width="300"]u htay oo copy ဦးဌေးဦး[/caption]

“အခုက လူတယောက်တည်းကို တရားစွဲထားတာ မဟုတ်ဘူး။ ၁၁ ယောက်ကို တရားစွဲထားတာ၊ ၁၁ ယောက်ကလည်း ဒီအနီးတ၀ိုက် မှာ နေတဲ့လူတွေ မဟုတ်ဘူး။ တခြားမြို့တွေ တခြားနေရာတွေက။ ရုံးချိန်းတချိန်းမှာ ၁၁ ယောက်ဆုံဖို့ဆိုတာ အင်မတန်မှ တာဝန်ကြီးတယ်။ ဒီအတိုင်းပဲ ရှေ့နေတွေကလည်း ဒီအနားတ၀ိုက်က လူတွေမဟုတ်ဘူး။ တနယ်တကျေးက လာတဲ့လူတွေ၊ ဒါတွေကိုသိသိကြီးနဲ့ ပထမ တချိန်းလည်းမလာဘူး။ ဒုတိယ ဒီတခါလည်း မလာဘူး။ အကျိုးအကြောင်းလေးတောင်မသိရဘူး ဆိုတာက ပြောမယ်ဆိုရင်  တရားဥပဒေအရ ဒီဘက်မှာ အရမ်းကိုနစ်နာမှုရှိတယ်၊ တရားမျှတမှုမရှိဘူး။ အဲတော့ တရားဥဒေ လုပ်ထုံးလုပ်နည်းအရဆိုရင် ဒီလူတွေကို တရားရုံးကနေပြီးတော့ မရိုးမသားနဲ့ ဒီလိုတိမ်းရှောင်နေတာမျိုးဆိုရင် ဖမ်းဝရမ်းထုတ်ပြီးခေါ်လို့ရတယ်။ ဒါကတော့ ရုံးတော်က သင့်တော်သလို ဆောင်ရွက်ပါလိမ့်မယ်လို့် ကျနော်တို့်က မျှော်လင့်တယ်။ လိုအပ်လာရင်တော့ သူဆောင်ရွက်ကိုဆောင်ရွက်ရမယ့် ကိစ္စပဲ။”

တရားစွဲခံထားရသူတွေကလည်း တရားလို ရောက်မလာတဲ့အပေါ် တရားဥပဒေ ဘက်တော်သားတွေမှ ဟုတ်ရဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

တရားစွဲခံထားရတဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ဦးမောင်မောင်စိုးက

[caption id="attachment_67703" align="alignright" width="300"]ဦးမောင်မောင်စိုး ဦးမောင်မောင်စိုး[/caption]

“ကျနော်တို့က တရားဥပဒေ ကို လေးစားလိုက်နာ တယ်။ ကျနော်တို့ကိုယ်တိုင် လည်း လာတယ်။ ကျနော်တို့ရဲ့ အကျိုးဆောင်ရှေ့နေတွေ ကိုယ်တိုင်လည်း လာတယ်။ နှစ်ချိန်းရှိပြီ။ နှစ်ချိန်လုံးကို သူတို့မလာဘူး။ မလာတဲ့ အကြောင်းရင်းကဘာလဲ၊ ပထမတချိန်းက လက်ခံတယ်ထယ်ထားဦး။ ဒုတိယတချိန်းကတော့ နိုင်ငံရေးရဲ့ ကစားကွက်လို့ပဲ ကျနော်သုံးသပ်တယ်။ အဲတော့ ဥပဒေကို ဘယ်သူက မလိုက်နာတာလဲ။ စဉ်းစားကြည့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဟာ ဥပဒေကိုလေးစားလိုက်နာနေရမယ်။ တည်ဆဲ စည်းမျဉ်းစည်းကမ်းကို လိုက်နာနေရမယ်။ မလိုက်နာရင် ဒီလူတွေဟာ ဥပဒေရဲ့ တကယ့် ဘက်တော်သားတွေဟုတ်ရဲ့လား။ တရားဥပဒေစိုးမိုးလို့ ရသလား။ ဘယ်မှာ တရားဥပဒေ စိုးမိုးလို့လဲ” လို့ ပြောပါတယ်။

မကွေးမြို့မှာ လူထုတွေ့ဆုံပွဲ လုပ်ခဲ့တဲ့ ၁၁ ဦးကော်မတီရဲ့ နောက်ထပ်ရုံးချိန်းကို လာမယ့်အောက်တိုဘာ ၂၇ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့ပါတယ်။

မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ၁၁ ဦးပါ ပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ မကွေးမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013