DVB Logo
Home
မြန်မာသတင်း
အကျဉ်းသားအခွင့်အရေး ဖြူနှင်းထွေး အပြည့်အ၀ မရဟု ဗကသပြော
DVB
·
October 13, 2014
အကျဉ်းသားအခွင့်အရေး  ဖြူနှင်းထွေး အပြည့်အ၀ မရဟု ဗကသပြော
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲရာမှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံနေရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် မဖြူနှင်းထွေးဟာ မုံရွာအကျဉ်းထောင်တွင်းမှာ ခံစားခွင့်ရှိတဲ့ အခွင့်အရေး  အပြည့်မရဘူးလို့ ဗကသ က ပြောပါတယ်။

[caption id="attachment_65331" align="alignright" width="300"]မဖြူနှင်းထွေး မဖြူနှင်းထွေး[/caption]

မုံရွာထောင်မှာ အချုပ်ကျခံနေရတဲ့  မဖြူနှင်းထွေး ကို အောက်တိုဘာ ၁၃ ရက်နေ့က ယင်းမာပင်ခရိုင် တရားရုံးမှာ ထပ်မံရုံးထုတ်ရာ  သွေးအားနည်းပြီး ကျန်းမာရေး မကောင်းဖြစ်နေ တာကို တွေ့ရသလို အချုပ်သား အခွင့်အရေးလည်း အပြည့်အ၀မရဘူးလို့  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

“တိုက်ထဲမှာနေရတော့ ခြင်ကိုက်တယ်၊ ခြင်ကိုက်တော့ ခြင်ထောင်ထောင်ခွင့်ပေါ့။ ဒါကျနော်တို့ လွန်ခဲ့တဲ့ အိုင်စီအာစီဝင်တုန်းက အကျဉ်းသားတွေ ရထားတဲ့အခွင့်အရေးပေါ့။ အခုလောလောဆယ်တိုက်ထဲကို ပြောင်းတာ ၂ ပတ်လောက်ရှိပေမယ့် မရသေးဘူးပေါ့။ နောက်တချက်က  အဘိဓာန်ကို လေ့လာပြီး အင်္ဂလိပ်စာ လေ့လာအားထုတ်ခွင့်ပေါ့၊ အဲဒါ မရသေးဘူးပေါ့။ သူဆက်ပြီးတောင်းထားတယ်။”

မဖြူနှင်းထွေးကို တရားရုံးမှာ  ရုံးထုတ်တာ ၃ ကြိမ်လောက်ရှိပြီဖြစ်ပြီး ဒီကနေ့မှာတော့ တရားလိုပြ သက်သေ ၂ ဦးကို စစ်ဆေးပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့မှာ ရုံးချိန်းပေးလိုက်သလို မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက် ယင်းမာပင်မြို့နယ်မှာ ဆန္ဒပြနေတယ်လို့ သူက ပြောပါတယ်။

ဗကသအဖွဲ့ချုပ်ကတော့  အမှုရက်ကြာလာတာနဲ့အမျှ  မဖြူနှင်းထွေးရဲ့ ကျန်မာရေး ပိုထိခိုက်လာမှာကို စိုးရိမ်နေပြီး အမှုကို ရုပ်သိမ်းကာ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မန္တလေးတက္ကသိုလ် ပထမနှစ်  မြန်မာစာဘာသာရပ်အထူးပြု တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို  လက်ပံတောင်း တောင်မှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၃၆၈/၃၆၄ တွေနဲ့   ဖမ်းဆီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013