DVB Logo
Home
မြန်မာသတင်း
စွပ်စွဲခံ မြန်မာ ၂ ဦး အချုပ်ထဲ တစုံတခုဖြစ်ပါက ထိုင်းရဲတွင် တာဝန်ရှိ
DVB
·
October 13, 2014
စွပ်စွဲခံ မြန်မာ ၂ ဦး အချုပ်ထဲ တစုံတခုဖြစ်ပါက ထိုင်းရဲတွင် တာဝန်ရှိ
1 / 2
Donate to DVB

ထိုင်းနိုင်ငံတောင်းပိုင်း ခိုတောင်ကျွန်းခေါ် လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦး အချုပ်ခန်းထဲမှာ တစုံတခု ဖြစ်ခဲ့ရင် ထိုင်းရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအဖွဲ့က ပြောဆိုလိုက်ပါတယ်။

610x343xKoh-Tao.jpg.pagespeed.ic_.E8vRFpeWEs-300x168ထိုင်းနိုင်ငံတောင်ပိုင်းမှာ လိပ်ကျွန်းမှာ ဗြိတိသျှလူမျိုး ၂ ဦး အသတ်ခံရတဲ့ အမှုနဲ့ ပက်သက်လို့  မြန်မာအလုပ်သမား ၂ ယောက်ကို ဖမ်းဆီးထားတာပါ။

လူသတ်မှုနဲ့ ပက်သက်လို့  မြန်မာလူငယ် ၂ ဦးက ၀န်ခံထားတယ်လို့  ထိုင်းရဲက ပြောဆိုထားပါတယ်။

ဒါပေမယ့် လူငယ် ၂ ဦးကတော့  ရိုက်နှက်စစ်လို့ ၀န်ခံတာ ဖြစ်တယ်လို့ သွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ကို ပြောဆိုထားပါတယ်။

အချုပ်ထဲမှာ မြန်မာ ၂ ယောက် တစုံတခု ဖြစ်ခဲ့ရင် ထိုင်းရဲတပ်ဖွဲ့က တာဝန်အပြည့်ယူ ရလိမ့်မယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောဆိုလိုက်ပါတယ်။

ဒီလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုအပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာ ထိုင်းရဲအကြီးအကဲက ဒီလူငယ်တွေ သတ်ဖြတ်တယ်ဆိုတာကို သေချာကြောင်းနဲ့ စစ်ဆေးတဲ့အခါ ရိုက်နှက်မှု တစုံတရာမရှိကြောင်း ရှင်းခဲ့ပါတယ်။

အမှုနဲ့ ပတ်သက်လို့  ထိုင်းဝန်ကြီးချုပ်ရဲ့  မြန်မာပြည် ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန် တရားမျှတမှု ရှိရှိနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ ပြောဆိုထားပြီး ကာကွယ်ရေးဦးစီးချုပ်က လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုထားပါတယ်။

လက်ရှိ လူသတ်မှုနဲ့ ဖမ်းဆီးခံထားတဲ့ ကောင်လေး ၂ ဦးရဲ့ မိဘတွေအနေနဲ့ ထိုင်းနိုင်ငံကို လိုက်ပါသွားဖို့ လုပ်ဆောင်နေပြီ မြန်မာအစိုးရအနေနဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ စေလွှတ်ပြီး စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013