DVB Logo
Home
မြန်မာသတင်း
KFC ကြက်ကြော်ဆိုင် မြန်မာပြည်တွင် ဖွင့်တော့မည်
DVB
·
October 13, 2014
KFC ကြက်ကြော်ဆိုင် မြန်မာပြည်တွင် ဖွင့်တော့မည်
Donate to DVB

ကမ္ဘာတ၀န်း ဖွင့်လှစ်ရောင်းချနေတဲ့  အမေရိကန်ရဲ့ နာမည်ကျော်  KFC ကြက်ကြော်ဆိုင်တွေ မြန်မာနိုင်ငံမှာ  ဖွင့်လှစ်မယ်လို့ အမေရိကန် Yum! Brands Inc ကုမ္ပဏီနဲ့ Yoma Strategic  ကုမ္ပဏီတို့က ဒီကနေ့ ပူးတွဲထုတ်ပြန်ကြေညာလိုက်ပါတယ်။

[caption id="attachment_67664" align="aligncenter" width="600"]KFC ကြက်သားကျော် KFC ကြက်သားကြော်[/caption]

ဒီကြေညာချက်မှာ  ရိုးမကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌ မစ္စတာဆာ့ခ်ျပန်းက   “KFC ဟာ ခုဆိုရင် ကမ္ဘာ့နေရာတိုင်းလိုလိုမှာရှိတဲ့  ကမ္ဘာ့အမှတ်တံဆိပ်အဖြစ် အခိုင်အမာရှိနေပြီး  KFCနဲ့ စီးပွားဘက် ဖြစ်ရတာ ဂုဏ်ယူတယ်၊  KFC ကြက်ကြော်  မြန်မာပြည်ကို ဆောင်ကျဉ်း လာတာဟာ  တိုင်းပြည်ရဲ့ စားသောက်ကုန်နဲ့ အဖျော်ယမကာလုပ်ငန်းမှာ အဓိကကဏ္ဍ ပါဝင်ဖို့ ဆိုတဲ့ ရိုးမကုမ္ပဏီရဲ့ ရည်မှန်းချက်အောင်မြင်ဖို့ အရေးပါတဲ့ခြေလှမ်းဖြစ်တယ်” လို့ ပြော ထားပါတယ်။

လာမယ့် ၂၀၁၅ ခုနှစ်ကျရင် မြန်မာနိုင်ငံမှာ KFC ဆိုင် ပထမဆုံးဖွင့်လှစ်ဖို့ ရည်မှန်းထား တယ်လို့ ဆိုပါတယ်။ဒါပေမယ့် နိုင်ငံတွင်းမှာ  KFC ဆိုင်ခွဲ အရေအတွက် ဘယ်လောက်ထိ ဖွင့်လှစ်သွားမယ် ဆိုတာနဲ့ ပတ်သက်လို့ကတော့  အသေးစိတ်အစီအစဉ်တွေ မသိရသေးပါဘူး။

ရိုးမကုမ္ပဏီရဲ့ စီးပွားရေးဖွံဖြိုးမှုဌာန အကြီးအကဲ  မစ္စတာ ဂျေအာချင်း ကတော့ “အစပိုင်း ကာလမှာ  လူဦးရေနဲ့ ၀င်ငွေ အခွင့်အလမ်းသာတဲ့ ရန်ကုန်မြို့မှာ  အဓိကထား ဖွင့်လှစ် သွားမယ်။ သင့်တော်တဲ့အချိန်ကျမှ  မြန်မာပြည်ရဲ့ တခြားနေရာဒေသတွေမှာလည်း တိုးချဲ့ ဖွင့်လှစ်သွားနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

KFC ကြက်ကြော်ဆိုင်လုပ်ငန်းဟာ   နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာ  ဆိုင်ခွဲပေါင်း ၁၈၀၀၀ ကျော် ဖွင့်လှစ်ရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းကြီးတခုပါ။

မြန်မာနိုင်ငံမှာ အရပ်သားတပိုင်းအစိုးရသစ် တက်လာပြီးနောက်  ကိုကာကိုလာ အချိုရေ ၀င်ရောက်လာခဲ့ပြီး  တခြားအမေရိကန်ရဲ့  စီးပွားရေးလုပ်ငန်းတွေ ခုလို တစတစ ၀င်ရောက်လာဖို့ ခြေလှမ်းပြင်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013