DVB Logo
Home
မြန်မာသတင်း
၁၀ နှစ်အတွင်း ရဲဘက်အကျဉ်းသား ၁၀၀၀ ကျော် သေဆုံး
DVB
·
October 13, 2014
၁၀ နှစ်အတွင်း ရဲဘက်အကျဉ်းသား ၁၀၀၀ ကျော် သေဆုံး
Donate to DVB

ရဲဘက်စခန်းကို အမည်ပြောင်းထားတဲ့  စိုက်ပျိုးမွေးမြူရေး အသက်မွေးမှု အတတ်သင်စခန်းတွေနဲ့ ကုန်ထုတ်စခန်းတွေမှာ  သေဆုံးသူအကျဉ်းသားပေါင်း ၁၀ နှစ်တာအတွင်းမှာ ၁၀၀၀ ကျော် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောကြားလိုက်ပါတယ်။

“၁၉၇၈ ခုနှစ်မှ ရဲဘက်စခန်းများဖျက်သိမ်းခဲ့တဲ့ ၂၀၀၄ ခုနှစ်အထိ ရဲဘက်များသေဆုံးမှုမှာ ၄၁၈၇ ဦးရှိတဲ့အတွက် တနှစ်မှာ ပျမ်းမျှ ၁၆၁ ဦးသေဆုံးခဲ့ပါတယ်။ ရဲဘက်စခန်းများ ဖျက်သိမ်းပြီးတဲ့နောက် ၂၀၀၄ ခုနှစ် မေလ ၁၂ ရက်နေ့မှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ နေ့အထိ စိုက်ပျိုးမွေးမြူရေး စခန်းများနှင့် ကုန်ထုတ်စခန်းတွေမှာ အကျဉ်းသား သေဆုံးမှုမှာ ၉၉၉ ဦး ရှိတဲ့အတွက် တနှစ်မှာ ပျှမ်း ၁၄၂ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ စိုက်ပျိုးမွေးမြူရေးနှင့် အတတ်သင်စခန်းတွေနဲ့ ကုန်ထုတ်စခန်း ၄၆ ခုမှာ သေဆုံးမှု ၁၂၀ ဦး ရှိတဲ့အတွက် တနှစ်ပျမ်းမျှ ၃၆ ဦး စခန်းတခုလျှင် ၀ ဒသမ ၇၈ ဦး သေဆုံးခဲ့ကြောင်း တွေ့ရှိရပါတယ်။”

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးပွဲမှာ သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်ရဲ့  မြန်မာနိုင်ငံမှာ ရဲဘက်အကျဉ်းစခန်း ဘယ်လောက်ရှိပြီး ရဲဘက်အရေအတွက် ဘယ်လောက်ရှိသလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောသွားတာပါ။

ရဲဘက်အကျဉ်းစခန်းတွေမှာ ရာသီဥတု ပြောင်းလဲမှုနဲ့အညီ လိုက်လျောညီထွေ မနေထိုင်နိုင်ခြင်း၊ အစားအသောက်နဲ့၊ အနေအထိုင်လွဲမှားခြင်း၊ မတော်တဆ ထိခိုက်မှုတွေကြောင့် အများဆုံး သေဆုံးကြတာလို့လည်း ဆိုပါတယ်။

အဲဒီစာရင်းက ရဲဘက်စခန်းတွေကို ပိတ်သိမ်းလိုက်တဲ့ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ထိ အတောအတွင်းမှာ ရရှိထားတဲ့စာရင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရဲဘက်အကျဉ်းစခန်းတွေကို ၁၉၇၈ ခုနှစ် ဧပြီလက စဖွင့်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ် မေလမှာ  ဖျက်သိမ်းခဲ့ပြီး စိုက်ပျိုးမွေးမြူရေး အသက်မွေးမှုအတတ်သင်စခန်းနဲ့ ကုန်ထုတ်စခန်းတွေအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန  စိုက်ပျိုးမွေးမြူရေး အသက်မွေးမှုအတတ်သင်စခန်းနဲ့ ကုန်ထုတ်စခန်း  ၄၆ ခု မှာ မှာ ဒီနေ့အချိန်ထိ အကျဉ်းသား ၁ သောင်းကျော်ရှိ နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013