DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကျည်ကျရောက်မှု ဒီကေဘီအေလက်ချက် မဟုတ်ဟုပြော
DVB
·
October 12, 2014
လက်နက်ကြီးကျည်ကျရောက်မှု ဒီကေဘီအေလက်ချက် မဟုတ်ဟုပြော
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်- မြ၀တီလမ်း  အလယ်ဗိုလ်တဲမှာ အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်မှုဟာ သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘူးလို့ ဒီကေဘီအေက ပြောကြားလိုက်ပါတယ်။

လက်နက်ကြီးကျည် ကျရာက်ပေါက်ကွဲမှုကြောင့် ၂ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာတွေနဲ့ ကော့ကရိတ်ဆေးရုံမှာ ဆေးကုသခံယူနေစဉ် ကွယ်လွန်ခဲ့ပါတယ်။

[caption id="attachment_67515" align="alignright" width="374"]10708645_553681168096213_1857024259228013113_o ဆေးရုံပေါ်တွင် တွေ့ရသည့် ထိခိုက်ဒဏ်ရာရရှိသူအချို့[/caption]

ကလေး ၃ ဦး အပါအ၀င် လူ ၁၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိပြီး ကော့ကရိတ်ဆေးရုံမှာ ဆေး ကုသမှု ခံယူနေကြရပါတယ်။ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာတော့ ၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကော့က ရိတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး ဦးနိုင်က “စုစုပေါင်း သုံးယောက် ဆုံးသွားတယ်လို့ ကားသမားတွေပြောပြချက်အရ သိရတယ်။ ဈေးသည်က ၂ ယာက်၊ ခရီးသည်က ၂ ယောက်။ မနက် ၆ နာရီထွက်တဲ့ကားတွေ လွတ်တယ်။ ၈ နာရီထွက်တဲ့ကားတွေ မလွတ်တော့ဘူး။ မြ၀တီနဲ့ ကော့ကရိတ် အလယ်ဗိုလ်တဲပေါ့။ ပြောတာကတော့ ဒီကေဘီအေနဲ့ မြန်မာစစ်တပ်ပေါ့။ ဒီကေဘီအေက ပစ်တယ်လို့တော့ ပြောကြတယ်။ လူတွေက သို့လောသို့လော ဖြစ်နေကြတယ်၊ ဘယ်သူပစ်လို့ပစ်မှန်း အတိအကျ မပြောနိုင်ကြဘူး။”

ဒီမိုကရေ စီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) အဖွဲ့ရဲ့ မြ၀တီမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်ကတော့ ဒီကေဘီအေပစ်တာ မဟုတ်ဘူးလို့ ငြင်းပါတယ်။

“ဗျူဟာကွပ်ကဲရေးဌာနက ဗိုလ်ချုပ် စောကျော်သက်ကိုလည်း ကျနော်တို့မေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်စောကျော်သက်ကို ကျနော်သတင်းပို့တဲ့အချိန်မှာ သူ့ဆီက လုံးဝမပစ်ရပါဘူးလို့ ပြောပါတယ်။ ဒီခွင်ရဲ့အနေအထားနဲ့ ကျနော်တို့တပ်က ပစ်တဲ့အနေအထားဟာ အဲဒီကို မရောက်ရှိနိုင်ဘူးလို့ ကျနော်တို့ လူကြီးက ခန့်မှန်းတယ်။ ဒီဒေသထဲ တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း များတယ်။ တခုခုဖြစ်ရင် ကျနော်တို့ ဒီကေဘီအေပစ်တယ်လို့ ဆိုတော့ ဒါကို အမှန်တရားဖြစ်အောင် ဆက်လက်ဖော်ထုတ်နေပါတယ်။”

ဒီကေဘီအေဘက်က ပြဿ   နာတွေ အေးချမ်းစေလိုတဲ့ဆန္ဒနဲ့ နှစ်ဘက် ဖြေရှင်းနေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့လကစပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေကြား ကြိုးကြားကြိုးကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ကျဆုံးထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပေမယ့် တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုးတော့ မရှိပါဘူး။

အစိုးရတပ်နဲ့ ဒီမိုကရေ စီအကျိုးပြု ကရင်တပ်မတော်  (ဒီကေဘီအေ) တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတာ အခုဆို ၁၅ ရက်လောက်ရှိပြီလို့  ကော့ကရိတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊အတွင်းရေးမှူး ဦးနိုင်က ပြောပါတယ်။

10649082_553681221429541_5803674856646437365_o“ကြိုးကြားကြိုးကြားဖြစ်နေတာ၊ မနေ့ကတော့ တိုက်ပွဲပြင်းထန်တယ်။ တနေ့ကတော့ ရွာသစ်ကုန်းမှာဖြစ် တယ်။ ပြောသံကြားတာ အစိုးရတပ်က ၁ ယောက်ကျတယ်၊ ၁ ယောက် ဒဏ်ရာရတယ်။ ရွာသစ်ကုန်း စခန်းတခုလုံးကို အစိုးရတပ်က တက်သိမ်းလိုက်တယ်လို့ ပြောကြတယ်။ အခုက အစိုးရနဲ့ဒီကေဘီအေ က တောက်လျှောက်ဖြစ်နေတာ။ အစိုးရတပ်တွေက ထိုးစစ်ဆင်လို့ ရွာတွေမှာ မေးရင် ဒီကေဘီအေတွေ့လားလို့ပဲ သူတို့မေးတယ်။”

ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်ကတော့ တိုင်းပြည်မငြိမ်းချမ်းဘူးလို့ အမြင်ရောက်အောင် တိုက်ပွဲတွေပြန်စနေတာလားလို့ မေးခွန်းထုတ်ပါတယ်။

“အန်တီပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ်။ ၂၀၁၅ က ငြိမ်းချမ်းရေး ရမှလို့ ပြောထားတော့ ငြိမ်းချမ်းနေရင် ၂၀၁၅ မှာ လုပ်ပေးရမှာစိုးလို့ မငြိမ်းချမ်းအောင်ဘဲ ဟိုလမ်း၊ ဒီလမ်း လမ်းကြောင်းတွေ ထွင်တတ်တယ်လေ။ ကလိမ်ကကျစ်ဉာဏ်လို့ပဲ ပြောရမလားမသိဘူး။ အဲလို တခါတလေ သူတို့မှာရှိတယ်။ ဒီအဖွဲ့တွေက အရင်ကတည်းနေလာတာ ကြာပြီ တဖွဲ့နဲ့တဖွဲ့ သူတို့ နေတတ်နေပြီပဲ။ လူတွေက အခုမှ စိတ်အေးချမ်းကာစရှိသေးတယ်၊ အခုပြန်ဖြစ်ပြီး ပြေးရလွှားရဆိုတော့ စိတ်ပင်ပန်းလူပင်ပန်းတွေ ပြန်ဖြစ်လာပြီ။ သူတို့လည်း ကောင်းလားဆိုတော့ သူတို့လည်း မကောင်းဘူးလေ။ မသိဘူးလေ၊ ကျည်ဆန်တွေပဲ ပိုနေကြလို့လားမသိဘူး။”

အခု အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေပြန်ဖြစ်ပွားနေတဲ့ ဒီကေဘီအေတပ်ဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013