ဒဏ်ရာရ ရဟတ်ယာဉ်မှူး ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာ
DVB
·
October 12, 2014
ခါကာဘိုရာဇီ တောင်မှာ ကယ်ဆယ်ရေး လုပ်ဆောင်ရင်း ဒဏ်ရာရခဲ့တဲ့ ထိုင်း ရဟတ်ယာဉ်မှုးဟာ ဘန်ကောက်ဆေးရုံမှာ ဆေးကုသမှု ဆက်လက် ခံယူဖို့အတွက် မနေ့က ထိုင်းကို ပြန်လည် ထွက်ခွာသွားပါတယ်။
[caption id="attachment_67556" align="aligncenter" width="544"] ဒဏ်ရာရ ထိုင်းရဟတ်ယာဉ်မှူး (ဓာတ်ပုံ- ထူးဖောင်ဒေးရှင်း)[/caption]
ထိုင်းရဟတ်ယာဉ်မှူး Mr Chatchawal ဟာ ဒဏ်ရာကို ရန်ကုန်မြို့ ၀ိတိရိယ ဆေးရုံမှာ ကုသမှု ခံယူခဲ့ရာကနေ လိုအပ်ရင် ထိုင်းကို ပို့ဆောင် ကုသနိုင်ဖို့ စီစဉ်ထားတာလို့ ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန် ထားပါတယ်။
ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦးအတွက် ကယ်ဆယ် ရှာဖွေမှုတွေအတွက် ထိုင်းရဟတ်ယာဉ် B 4 က ကူညီမှုတွေ ပြုလုပ်ရင်း စက်တင်ဘာ ၂၇ နေ့မှာ မတော်တဆမှုနဲ့ ကြုံခဲ့ရပါတယ်။
အဲဒီနောက်မှာ ရဟတ်ယာဉ်ပေါ် ပါသွားတဲ့ ထိုင်းရဟတ်ယာဉ်မှူးနဲ့ ဦးရွှေရင်တော်ကြီးတို့ အသက် မသေဘဲ ဒဏ်ရာတွေနဲ့ ပြန်လည်တွေ့ရှိခဲ့ပေမယ့် မြန်မာရဟတ်ယာဉ်မှုး ဦးအောင်မြတ်တိုးကတော့ တောထဲမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။