
အမရပူရမြို့နယ် တောင်သမန် အိုးဘိုရွာ ရတနာပုံတက္ကသိုလ်ကျောင်းအနီး စတိုးဆိုင်နဲ့ ဆိုင်ကယ်ဝပ်ရှော့တို့ အောက်တိုဘာ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်လောက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
မီးသတ်ကားစီး ၂၀ ကျော်နဲ့ လာရောက်မီးငြိမ်းသက်နိုင်ခဲ့တဲ့အတွက် ဘေးကကျောင်း အဆောင်တွေကိုတော့ မီးလောင်ကျွမ်းမှုမရှိခဲ့ပါဘူး။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး သက်ဆိုင်တာဝန်ရှိသူတွေကတော့ မေးမြန်စစ်ဆေးနေပါတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
အောင်ရတနာစတိုးဆိုင်၊ ပန်းချယ်ရီစတိုးဆိုင်၊ ချစ်ကိုဝပ်ရှော့၊ ရေဆေးဆီလိုက်ဆိုင် အိမ်တလုံးနဲ့ ဆုံးရှုံးပြတ်စီးမှုတန်ဖိုးငွေကတော့ သိန်း ၁၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၁၃-ခုနှစ်ကလည်း အဲဒီနေရာမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ဖူးပါတယ်။
ဓာတ်ပုံ - ဇော်ဇော်
[gallery ids="67545,67546,67547,67548"]











