ကျနော့်သားမဟုတ်ဘူးလို့ တထစ်ချယုံကြည်တယ် - ၀င်းဇော်ထွန်းဖခင်
DVB
·
October 11, 2014
ထိုင်းနိုင်ငံ လိပ်ကျွန်းလို့ ခေါ်တဲ့ ခိုတာင်းကျွန်းမှာ လူသတ်မှုနဲ့ ဖမ်းခံထားရတဲ့ မြန်မာလူငယ်နှစ်ယောက်အနက် တယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းရဲ့ မိဘနှစ်ယောက်ဟာ ခိုတောင်ကျွန်းအရောက် ခရီးနှင်ဖို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကို ဒီနေ့ ရောက်နေကြပါတယ်။
[caption id="attachment_67530" align="alignright" width="300"] ၀ဲမှယာ (ကိုဝင်းဇော်ထွန်းနှင့်ကိုဇော်လင်း)[/caption]
သူတို့ အခုလို ခရီးနှင်နိုင်ဖို့ ရခိုင်အမျိုးသားကွန်ရက်က အဓိက ကူညီခဲ့တာလို့ ကွန်ရက်ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ပြောပါတယ်။
ကိုဝင်းဇော်ထွန်းရဲ့ မိဘ နှစ်ယောက် နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာ အမြန်ဆုံး ရရှိရေးအတွက် နိုင်ငံတော် သမ္မတရုံးက ကူညီပေးဖို့ သဘောတူထားတယ်လို့လည်း သူက ပြောပါတယ်။
ဒီနေ့ ကျောက်ဖြူမြို့ကို ရောက်ရှိနေပြီဖြစ်တဲ့ ကိုဝင်းဇော်ထွန်းရဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်ကို ဒီဗွီဘီသတင်းထောက် ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်