DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်- မြ၀တီ အလယ်ဗိုလ်တဲတွင် လက်နက်ကြီးကျ၊ ၃ ဦး သေဆုံး
DVB
·
October 11, 2014
ကော့ကရိတ်- မြ၀တီ  အလယ်ဗိုလ်တဲတွင် လက်နက်ကြီးကျ၊ ၃ ဦး သေဆုံး
1 / 5
Donate to DVB

ကော့ကရိတ်- မြ၀တီလမ်း  အလယ်ဗိုလ်တဲမှာ ဒီနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည်ဆန်တလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာတွေနဲ့ ကော့ကရိတ်ဆေးရုံမှာ ဆေးကုသခံယူနေစဉ် ကွယ်လွန်ခဲ့ပါတယ်။

ကလေး ၃ ဦး အပါအ၀င် လူ ၁၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိပြီး ကော့ကရိတ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။

အလယ်ဗိုလ်တဲ ဘုန်းတော်ကြီးကျောင်း ဆရာတော်လည်း ခြေထောက်မှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး မြ၀တီကို ပို့ထားရပါတယ်။

ကော့ကရိတ်ဆေးရုံက လူနာတွေကိုတော့ ကော့ကရိတ်ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးကြီးနဲ့ ရဲတပ်ဖွဲ့တွေ သတင်းတပ်ဖွဲ့တွေက တာဝန်ရှိသူတွေ၊ သွေးအကူအညီပေးရေးအဖွဲ့၊ ကရုဏာဖောင်ဒေးရှင်းအဖွဲ့၊ ရပ်ကွက်နာရေးအသင်းက ဆေးရုံ ၀န်ထမ်းတွေနဲ့အတူ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ဘယ်အဖွဲ့ရဲ့ ပစ်ခတ်မှုမှန်း မသိရသေးပါဘူး။

ဒီရက်ပိုင်းအတွင်း နယ်မြေခံ ကရင်လက်နက်ကိုင် အဖွဲ့တချို့နဲ့ အစိုးရတပ်တွေကြား တင်းမာမှုတွေရှိနေပြီး ပစ်ခတ်မှုတချို့လည်း ရှိခဲ့ပါတယ်။

photo - Dawna Aungtoe Facebook


[gallery ids="67511,67512,67514,67515,67513"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013