မြောက်ကိုရီးယား ခေါင်းဆောင်၏ ကျန်းမာရေးနှင့်နိုင်ငံရေးသြဇာ ကောလာဟလ တိုးမြှင့်

ကင်ဂျုံအန်း
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မနေ့ကကျင်းပတဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီ နှစ်ပတ်လည် ပွဲမှာလည်း လူလုံးမပြတဲ့အတွက် သူ့ကျန်းမာရေး၊ သူရဲ့ နိုင်ငံရေးသြဇာ အပေါ် ကောလာဟလတွေ ပိုပြီး အရှိန်မြှင့်လာပါတယ်။ [caption id="attachment_67498" align="alignleft" width="300"]ကင်မ်ဂျုံအန်း ကင်မ်ဂျုံအန်း[/caption] ကင်ဂျုံအန်းဟာ အရင်နှစ်တွေက အလုပ်သမားပါတီ ထူထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က အခမ်းအနားသတင်း ကို မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြား ကေအာ တီ ကြေညာတဲ့အခါမှာ ပါတီ အဆင့်မြင့် ခေါင်းဆောင်တွေ စာရင်းမှာ ကင်မ်ဂျုံအန်း နာမည် မပါဝင်ပါဘူး။ ၆၉ နှစ်မြောက် ပါတီ ထူထောင်ခြင်း နှစ်တပ်လည် အခမ်းအနားကို ပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ စစ်တပ်ခေါင်းဆောင်တွေ တက်ရောက်ကြပြီး ကန်စူစန် နန်းတော်မှာ ခေါင်းဆောင်ကြီး ကင်မ်အီဆွန်းနဲ့ ကင်မ်ဂျုံအီးတို့ကို အရိုအသေပေးခဲ့တယ်လို့ အေအာတီ သတင်းမှာ ဖော်ပြပါတယ်။ ကင်မ်ဂျုံအန်း ပို့လိုက်တဲ့ ပန်းခြင်းကိုတော့ ဗိမာန်မှာ ချခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ကင်မ်ဂျံအန်းအကြောင်း၊ ခရီးစဉ်တွေအကြောင်းကို အသေးစိတ် ဖော်ပြလေ့ရှိတဲ့ မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာမှာ စက်တင်ဘာ ၃ ရက်နေ့က ကင်မ်နဲ့ သူ့ဇနီးတို့ အခမ်းအနားတခု တက်ခဲ့တာကို နောက်ဆုံးဖော်ပြခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံပိုင် မီဒီယာတွေမှာ ကင်မ်ဂျုံအန်းအကြောင်းကို မဖော်ပြတော့တဲ့အတွက် အသက် ၃၁ နှစ်အရွယ် ကင်ဂျုံအန်းရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့ ကောလာဟလ ထွက်ပေါ်နေတာပါ။ တချို့လ့လာသူတွေက  အာဏာလွန်ဆွဲပွဲမှာ ကင်မ်က ရှုံးသွားပြီး ချောင်ထိုးခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားကတော့ မြောက်ကိုရိးယား ခေါင်းဆောင်ဟာ အစိုးရအဖွဲ့ကို အခိုင်အမာ ဦးဆောင်မှုပေးနေသေးတယ်လို့ ခန့်မှန်းပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားကို အလည်လာစဉ်မှာ ကင်မ်ဂျုံအန်းက တောင်ကိုရီးယားသမ္မတကို နှုတ်ခွန်းဆက်လိုက်တဲ့ သတင်းစကားကို ပါးခဲ့သလို မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က ကင်မ်ရဲ့ ခေါင်းဆောင်မှုအကြောင်းကို ပြောဆိုခဲ့တာကို ထောက်ရင် ပုံမှန် အခြေအနေမှာပဲ ရှိနေပါတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောခွင့်ရသူက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အရင်တပတ်က တောင်ကိုရီးယားမှာကျင်းပတဲ့  အာရှအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို  မြောက်ကိုရီးယား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က မမျှော်လင့်ဘဲ တက်ရောက်ခဲ့တာကိုပဲ တချို့လ့လာသူတွေက ကင်မ် ချောင်ထိုးခံရလိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် ကင်မ်ဂျုံအန်းရဲ့ ကျန်းမာရေးကို သိနိုင်တဲ့ အရင်းအမြစ်ကတော့ အာဏာသိမ်းတယ်ဆိုတဲ့ ကောလာဟလဟာ အခြေအမြစ်မရှိဘူးလို့ ပြောပါတယ်။

More News
Up