Home
သတင်းတို
အောက်တိုဘာ ၁၀ ရက် မိုးလေဝ
DVB
·
October 10, 2014
moezala
ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်အလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့  အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း"ဟွဒ်ဟွဒ်" ဟာ မြန်မာနိုင်ငံ၊  ကိုကိုးကျွန်းရဲ့ အနောက်ဘက်မိုင် ၃၄၀ လောက်နဲ့ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့ရဲ့ အရှေ့တောင်ဘက်မိုင် ၃၂၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီမနက်ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီထုတ်ပြန်ချက်မှာ ဒီဆိုင်ကလုန်းမုန်တိုင်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး အနောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာ မုတ်သုန်လေအားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024