DVB Logo
Home
မြန်မာသတင်း
ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းမှ ဘဏ်အတိုးနှုန်း လျှော့ချနိုင်မည်
DVB
·
October 10, 2014
ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းမှ ဘဏ်အတိုးနှုန်း လျှော့ချနိုင်မည်
Donate to DVB

မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ချနိုင်မှသာ ပြည်တွင်းဘဏ် တွေရဲ့ အတိုးနှုန်းကိုလည်း လျော့ချနိုင်မှာဖြစ်တယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဘဏ်အတိုးနှုန်းတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် အတိုးနှုန်းတွေက ကြီးမြင့်နေပါတယ်။

To match Insight MYANMAR-BANKS/ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွ မှုနှုန်းကလည်း ၇ ရာခိုင်နှုန်းမှာ ရှိတာကြောင့် ဘဏ်အတိုးနှုန်းတွေ ကို ငွေကြေးဖောင်းပွ မှုနှုန်းရဲ့ အောက်မှာ ထားပြီး သတ်မှတ်လိုက်မယ်ဆိုရင် ဘဏ်မှာ ငွေလာအပ် နှံကြမှာ မဟုတ်တော့ဘဲ တခြားလုပ်ငန်းတွေမှာသာ သွားရောက်ရင်းနှီးမြှုပ်နှံတော့ မှာ ဖြစ်တဲ့အကြောင်း ဘဏ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ  ဦးစံသိန်းက ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းမှာ ငွေဖောင်းပွမှုနှုန်း လျော့ကျလာရင် ပြည်တွင်းဘဏ်တွေရဲ့ အတိုးနှုန်းကိုလည်း လိုက်ပါချ ပေးလို့ရမှာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဒီနှုန်းထက် လျှော့ဖို့က မဖြစ်နိုင်သေးတဲ့အကြောင်း ကမ္ဘောဇဘဏ်လီမိတက် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဘဏ်အတိုးနှုန်းတွေက အပ်ငွေအပေါ် အတိုးနှုန်းက ၁ နှစ်ကို အနည်းဆုံး ၈ ရာခိုင်နှုန်း ရှိပြီး ချေးငွေအပေါ် အတိုးနှုန်းက အများဆုံး ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

ဒါပေမယ့် တဖက်မှာလည်း ချေးငွေအပေါ် အတိုးနှုန်းက များတာကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေက အတိုးနှုန်းကို လျှော့ချပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေတာပါ။

ဒါကြောင့် ချေးငွေအပေါ် အတိုးနှုန်းကို လျော့ဖို့ဆိုတာက ဘဏ်တွေအနေနဲ့ အပ်ငွေအပေါ် ပေးရတဲ့ အတိုးနှုန်းကို ကြည့်ပြီး လုပ်ကိုင်ရတာဖြစ်လို့ အတိုးနှုန်းကို ချဖို့က မဖြစ်နိုင်ဘူးလို့ သမ၀ါယမဘဏ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် Commercial ဘဏ်အရေအတွက် ၂၂ ခု ရှိတဲ့အနက် ဘဏ်အကြီးစားအရေအတွက်က ၆ ခုလောက်သာ ရှိပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013