DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူး ကွယ်လွန်
DVB
·
October 9, 2014
ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူး ကွယ်လွန်
Donate to DVB

ခါကာဘိုရာဇီ တောင်အနီး ကယ်ဆယ်ရေး သွားလုပ်ရင်း အဆက်အသွယ်ပြတ်ခဲ့တဲ့ ထိုင်းရဟတ်ယာဉ်ပေါ်ပါ သုံးဦးအနက် မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးဟာ တောတွင်း တနေရာမှာ ကွယ်လွန်ကြောင်း ထူးဖောင်ဒေးရှင်းက  သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_67349" align="alignright" width="300"]u aung myant toe ဦးအောင်မြတ်တိုး (ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း)[/caption]

ဒါနဲ့ပတ်သက်လို့ ထူးဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေးလုပ်ငန်း ပြောခွင့်ရသူ ဦးဖြိုးကိုကိုသက်က ခုလို ပြောပါတယ်။

“(အလောင်းကို) ညနေ ၄ နာရီခန့်မှာ တွေ့တာ ပါ။ ရွှေရင်တော်ကြီးရဲ့ လမ်းပြမှုနဲ့ ကပ္ပတိန်အောင်မြတ်တိုးနဲ့ နောက်ဆုံး လမ်းခွဲခဲ့တဲ့ နေရာကို ထူးဖောင်ဒေးရှင်း အဖွဲ့သားတွေ ကို ရောက်ရှိခဲ့ပါ တယ်။ ရောက်သွားတဲ့အချိန် လမ်းခွဲခဲ့တဲ့နေရာမှာတော့ ကပ္ပတိန်အောင်မြတ်တိုးရဲ့ အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းချို့တွေ့ပါတယ်။ အနီးအနား ဆက်လက်ရှာဖွေရာမှာ ကပ္ပတိန်အောင်မြတ်တိုး ကွယ်လွန်ကြောင်း စိတ်မကောင်းစွာ တွေ့ရှိခဲ့ရပါတယ်။”

ကပ္ပတိန်အောင်မြတ်တိုးရဲ့ ဇနီးကတော့ လက်ရှိ ပူတာအိုမှာရောက်ရှိနေပြီး သူရဲ့သဘော ဆန္ဒအတိုင်း ဦးအောင်မြတ်တိုးရဲ့ အလောင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ခါကာဘိုရာဇီတောင်ထိပ်ကနေ ပြန်အဆင်းမှာ ပျောက်ဆုံးသွားတဲ့ မြန်မာလူငယ် တောင် တက်သမားနှစ်ဦးကို သွားရှာတဲ့ ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်ဟာ စက်တင်ဘာလ ၂၇  ရက်နေ့က အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးခဲ့ပါတယ်။

အဲဒီရဟတ်ယာဉ်ပေါ်မှာ ဦးအောင်နိုင်တိုးနဲ့အတူ လိုက်ပါကြတဲ့ ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး ချတ်ချာဝလ်နဲ့  ထူးဖောင်ဒေးရှင်းက ဦးရွှေရင်တော်ကြီးတို့ကတော့ မနေ့ကနဲ့ တမြန်နေ့က အသီးသီး ပြန်လည်ရောက်ရှိခဲ့ကြပြီးဖြစ်ပါတယ်။

ထိုင်းရဟတ်ယာဉ်မှူးဟာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရပေမယ့်  အအေးမိ၊ အာဟာရ ပြတ်လပ်ပြီး အားနည်းနေလို့ ရန်ကုန်မြို့ ၀ိတိုရိယ ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်ပေးထားတယ်လို့ ဦးဖြိုးကိုကိုသက်က ပြောပါတယ်။

“အဓိကကတော့ တောထဲမှာအအေးမိပြီးတယ်။ ပြီးတော့ အဟာရ ပြတ်သွားတာပေါ့နော်။  ပြီးတော့ မီးလောင်ဒဏ်ရာ အနည်းငယ်ရထားပါတယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး။ စကားပြောနိုင်ပါတယ်။ လမ်းအနည်းငယ်လျှောက်နိုင်တယ်။”

နောက်ပိုင်းကျရင် ရဟတ်ယာဉ်ကိစ္စထုတ်ပြန်သွားမယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၃၁ ရက်နေ့က စလို့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ ခါကာဘိုရာဇီ တောင်တက်သမား  ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့  ၂ ဦးကို ရှာဖွေတဲ့လေယာဉ်ပါ ပျောက်ဆုံးပြီး ကယ်ဆယ်ရေးဆောင်ရွက်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013