Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ် နားလည်မှု စာချွန်လွှာ ၃ ခု လက်မှတ်ထိုးမည်
DVB
·
October 9, 2014
အောက်တိုဘာ ၉ ရက်နေ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ၂ ရက် ကြာ သွားရောက်မယ့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွာ (အမ်အိုယူ) ၃ ခုလောက် လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်။ ဒီနားလည်မှုစာချွန်လွှာ ၃ ခုရဲ့အောက်မှာ ထိုင်းနိုင်ငံက မြို့တွေဖြစ်တဲ့ ချင်းမိုင်နဲ့ ကျိုင်းတုံ၊ ပရာကျွတ် ကရီခန်နဲ့ မြိတ်၊ ရနောင်းနဲ့ ကော့သောင်းတို့ကို ညီအစ်မမြို့တွေအဖြစ် သတ်မှတ်ကြေညာမယ်ဆိုတာလည်း ပါဝင်နေပါတယ်။ [caption id="attachment_67335" align="alignright" width="300"]ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (ဓာတ်ပုံ -ဘန်ကောက်ပို့စ်)[/caption] နေပြည်တော်မှာ မြန်မာနဲ့ ထိုင်းက သက်ဆိုင်ရာ ခရိုင်အစိုးရတွေက အမ်အိုယူကို ထိုင်းဝန်ကြီးချုပ်နဲ့ မြန်မာသမ္မတ ရှေ့မှောက်မှာ လတ်မှတ်ရေးထိုးမယ်လို့ အစိုးရ ပြောခွင့်ရ ယောင်ယွတ်မာယာလတ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ရေးပါတယ်။ဒီပူးပေါင်းလုပ်ဆောင်ချက်ကြောင့် နယ်စပ်ကုန်သွယ်ရေးက ဖွံ့ဖြိုးတိုးတက်လာမယ်လို့ သတင်းက ဆိုပါတယ်။ ၂ နိုင်ငံဟာ တနင်္သာရီတိုင်း ထားဝယ်မှာ ရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ ပူးပေါင်းလုပ်ဆောင်နေသလို ဒီခရီးစဉ်အတွင်းမှာ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ဂျပန်နိုင်ငံက ဒီစီမံကိန်းမှာ ပါဝင်ဖို့ စိတ်ဝင်စားနေပြီး ၃ ပွင့်ဆိုင်ဆွေးနွေးဖို့ အဆိုပြုထားပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် သတင်းစာဆရာ ဦးဇင်လင်းကတော့ ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်တွေ ရှိနိုင်တဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းကိစ္စဟာ ခရီးစဉ်အတွက် အဓိက ဦးစားပေးကိစ္စဖြစ်နိုင်တယ်လို့ ပြောပါတယ်။ “ထိုင်းနိုင်ငံအတွက် လိုအပ်တဲ့ လောင်စာ ဓာတ်ငွေ့အပြည့်အ၀ရရှိရေး၊ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း ရနိုင်သလောက် သူတို့စကားပြောပြီးတော့ ရယူချင်တဲ့သဘောတွေရှိတယ်။ စီးပွားရေးအပိုင်းမှာလည်းပဲ သူတို့ရင်းနှီးမြှုပ်နှံချင်တဲ့ အစိတ်အပိုင်းတွေရှိတယ်လို့ ကျနော်တို့ အကြမ်းဖျင်းအားဖြင့် သိတာပေါ့လေ။ အဲဒီတော့ ရင်းနှီးမြှုပ်နှံဖို့ ဘဏ်လုပ်ငန်းတွေ စသည်ဖြင့် တိုးချဲ့ဖို့ ရှိပုံရတယ်။ ဆိုတော့ ဒီဝန်ကြီးချုပ်ရဲ့ခရီးစဉ်ကတော့ ပြောရမယ်ဆိုရင် နောက်ကွယ်မှာ ရှိနေတဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ နောက်က အကြံပြုတင်ပြချက်တွေနဲ့ အဓိက စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းကို ဦးစားပေးပြီးတော့ ဆွေးနွေးဖို့ မြန်မာနိုင်ငံကို လာတယ်လို့ ယူဆပါတယ်။” ထိုင်းဝန်ကြီးချုပ်ခရီးစဉ်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားတဲ့ မြန်မာ ၂ ဦးကိစ္စကို ဆွေးနွေးပေးဖို့ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့တွေရဲ့ တောင်းဆိုချက်ကို ဆွေးနွေးသွားဖွယ် ရှိတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံ ပုံရိပ်ကောင်းဖို့အတွက် မြန်မာပုံရိပ်ကို ဖျက်သလို ဖြစ်နေတဲ့ ဒီလူသတ်မှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရက လေးလေးနက်နက် ပြောဖို့လိုတယ်လို့လည်း ဦးဇင်လင်းက ပြောပါတယ်။ ခရီးစဉ်အတွင်း ဆင်းရဲမှုနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကို ဖြေရှင်းဖို့ ရှေရည် အဖြေတခုကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့လည်း ဘန်ကောက်ပိုစ်သတင်းမှာ ဖော်ပြထားပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ ရန်ကုန်ကို သွားရောက်ပြီး ၀န်ကြီးချုပ်ဟာ မြန်မာနိုင်ငံက ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024