DVB Logo
Home
မြန်မာသတင်း
ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူးကို ပြန်တွေ့ရန် နီးစပ်ပြီ
DVB
·
October 9, 2014
ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူးကို ပြန်တွေ့ရန် နီးစပ်ပြီ
Donate to DVB

ခါကာဘိုရာဇီတောင်အနီး အဆက်အသွယ် ပြတ်ခဲ့တဲ့ ထိုင်းကယ်ဆယ်ရေး ရဟတ်ယာဉ် ပေါ်မှာ လိုက်ပါသွားသူ ၃ ဦးအနက် ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူးကို ပြန်တွေ့ဖို့ နီးစပ်နေပြီလို့ ထူးဖောင်ဒေးရှင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက်က ပြောပါတယ်။

[caption id="attachment_67328" align="alignright" width="300"]မနေ့က ထိုင်းရဟတ်ယာဉ်မှူးကို ကယ်ဆောင်သယ်ဆောင်လာစဉ် မနေ့က ထိုင်းရဟတ်ယာဉ်မှူးကို ကယ်ဆောင်သယ်ဆောင်လာစဉ်[/caption]

“ကျနော်တို့ တွေ့ရှိဖို့ နီစပ်နေပြီ ပြောလို့ ရပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ရွှေရင်တော်ကြီးနဲ့ ကပ္ပတိန် ချတ်ချဝါတို့ ပြန်ပြီး ညွှန်ပြတဲ့နေရာပေါ့နော်။ အဲဒါဆိုတော့ သူရှိတဲ့နေရာကို တိတိကျကျသိထားပြီ။ ကျနော်တို့သွားတဲ့ရောမှာ တောတွင်း အရမ်းလမ်းခရီးကြမ်းနေလို့ အနည်းငယ် နောင့်နှေးမှုတွေ ရှိနေတာပါ။”

ခါကာဘိုရာဇီတောင်ထိပ်ကနေ ပြန်အဆင်းမှာ ပျောက်ဆုံးသွားတဲ့ မြန်မာလူငယ် တောင် တက်သမား ၂ ဦး ကို သွားရှာတဲ့ ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ် စက်တင်ဘာ ၂၇  ရက်နေ့က အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က ပျောက်ဆုံးရဟတ်ယာဉ်မှာ ပါသွားတဲ့ ဦးရွှေရင်တော်ကြီး လန်ကာကျေးရွာကို ရောက်လာပါတယ်။

ထိုင်းရဟတ်ယာဉ်မှူး  ချတ်ချဝါ ကိုတော့ အောက်တိုဘာ ၈ ရက်နေ့မနက်က  တွေ့ရှိ ကယ်ဆယ်ပြီး ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရပေမယ့်  အအေးမိ အဟာရပြတ်လပ် အားနည်းနေတဲ့အတွက် ရန်ကုန်မြို့ ၀ိတိုရိယဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားတယ်လို့ ဦးဖြိုးကိုကိုသက်က ပြောပါတယ်။

“အဓိကကတော့ တောထဲမှာ အအေးမိတယ်။ ပြီးတော့ အဟာရ ပြတ်သွားတာပေါ့နော်။  ပြီးတော့ မီးလောင်ဒဏ်ရာ အနည်းငယ်ရထားပါတယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး။ စကားပြောနိုင်ပါတယ်။ လမ်းအနည်းငယ် လျှောက်နိုင်တယ်။”

ရဟတ်ယာဉ်အခြေအနေနဲ့ ပတ်သက်လို့ ဦးရွှေရင်တော်ကြီးကို ဆက်သွယ်ပေမယ့်  မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးကို ကယ်ဆယ်ရေး ဆောင်ရွက်နေလို့ မေးမြန်းခွင့်မရသေးပါဘူး။ နောက်ပိုင်းမှာ ရဟတ်ယာဉ်ကိစ္စ သတင်းထုတ်ပြန်သွားမယ်လို့ ထူးဖောင်ဒေးရှင်းရဲ့ ပြောခွင့်ရသူ ဦးဖြိုးကိုကိုသက်က ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၃၁ ရက်နေ့ကစလို့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ ခါကာဘိုရာဇီ တောင်တက်သမား  ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့  ၂ ဦးကို ရှာဖွေရင်း ရှာဖွေတဲ့ ရဟတ်ယာဉ်ပါ ပျောက်ဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013