DVB Logo
Home
မြန်မာသတင်း
ဧရာရွှေဝါကုမ္ပဏီပြန်ပေး လယ်ဧက ၄၀၀၀ ကျော် မူလပိုင်ရှင်များ မရသေး
DVB
·
October 9, 2014
ဧရာရွှေဝါကုမ္ပဏီပြန်ပေး လယ်ဧက ၄၀၀၀ ကျော် မူလပိုင်ရှင်များ မရသေး
Donate to DVB

ဧရာဝတီတိုင်းထဲမှာ သူဌေးဦးတေဇပိုင် ဧရာရွှေဝါကုမ္ပဏီက ပြန်ပေးထားတဲ့ လယ်ဧကတွေထဲက ဧက ၄ ထောင်ကျော်ဟာ တဆက်တစပ်တည်း ၅ နှစ် လယ်လုပ်သူတွေကို ပြန်ပေးရမယ်ဆိုတဲ့ အမိန့်ညွှန်ကြားချက်ကြောင့် မူလပိုင်ရှင်တွေ ပြန်မရကြသေးဘဲ ဖြစ်နေကြပါတယ်။

paddyကုမ္ပဏီက ၂၀၁၂ ခုနှစ်ကတည်း က ပြန်လွှဲပြောင်းပေးခဲ့ပေမယ့် မူလပိုင်ရှင်တွေ ခုချိန်ထိ ပြန်မရကြသေးတာတွေ ရှိနေသေးတာပါ။

ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းတောင်သူလယ် သမားရေးရာ ကော်မတီဝင် ဦးစည်သူအောင်က “၁၉၉၈ -၉၉ လောက်ကတည်းက သိမ်းခံထားရတာ။ အဲဒီမှာ ကုမ္ပဏီကနေပြီးတော့ သီးစားချထားတဲ့ ပုဂ္ဂိုလ်တွေ အဲအချိန်က၀င်စိုက်နေတဲ့အခါကျတော့ မူလပိုင်ရှင်တွေလက်ထဲကို  တကယ်တမ်း ၅ နှစ်ဆက်တိုက်ဆိုတဲ့ ညွှန်ကြားချက်လည်း ရရော မူလပိုင်ရှင်တွေ လက်ထဲမရောက်ဘဲနဲ့ လက်ရှိကုမ္ပဏီက ချထားတဲ့ လူတွေလက်ထဲကို ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း ပြန်ပြီး တဖက်စောင်းနင်း ပြန်ပေးတယ်။ ဆယ်ချောင်း၊ ညောင်ချောင်း၊ အဲဒီမှာ ဧက ၄ ထောင်ကျော်လောက်ရှိတယ်။ အဲဒါကတော့ မူလကတည်းက နေပြီးတော့ သီးစား သိမ်းထားတဲ့ဟာတွေဟာ ခုထက်ထိကို တကယ်ကို ပြန်မရနိုင်သေးတဲ့ အခြေအနေပဲ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲ တောင်သူပညာပေးလုပ်ငန်း လုပ်နေတဲ့ Green Peasant Institute သင်တန်းအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းကလည်း အရင်ကအသုံးပြုခဲ့တဲ့ ညွှန်ကြားချက်ကို မြေယာအငြင်းပွားမှုပြဿ   နာမှာ ဆက်သုံးနေလို့ မူလပိုင်ရှင်တွေ မြေပြန်မရတာလို့ ပြောပါတယ်။

“၅ နှစ်ပိုင်ဆိုင်တဲ့သူကိုပဲ ပေးရမယ်ဆိုတော့ လယ်ယာမြေအကြောင်းကို အသေးစိတ်ပြန်ပြောရရင် အောက်ခြေမှာ နဂိုတုန်းက သီးခြားချထားတဲ့ စနစ်ကြောင့် အဲဒီစနစ်ကို ရည်ညွှန်းပြောသော်လည်း တဖက်မှာ အကုန်သက်ရောက်သွားတော့ ဟိုဘက်ကို ရည်ညွှန်းပြီး ထုတ်တယ်လို့ ကျနော်တို့ ထင်ထားတဲ့ဟာက အကုန်လုံးကို သက်ရောက်သွားတော့ ပြဿ     နာ ရှိတယ်။ ဥပမာ ကျနော်က သီးစားတာဝန်မကျေလို့ သိမ်းသွားတယ်ဆိုပါတော့ လက်ရှိ  ၅ နှစ်တာဝန်ကျေတဲ့သူကို ချပေးတဲ့ ပုံစံမျိုးရတယ်။ ဒီဘက်မှာက ဘာကို ပြန်လုပ်လဲဆိုတော့ အဲဒါကို မသုံးတော့ဘဲ သိမ်းဆည်းခံလယ်သမားတွေကို ရောသုံးလိုက်လို့ ပြဿ     နာ ဖြစ်နေတယ်လို့ ကျနော်မြင်တယ်။”

ဧရာဝတီတိုင်းအစိုးရအဖွဲ့ပြောခွင့်ရ ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝင်းကိုကိုကတော့ မူလပိုင်ရှင်တွေအနေနဲ့ လယ်ယာမြေပြန်ရဖို့အတွက် တိုင်းဒေသကြီးအစိုးရနဲ့ ဆက်သွယ်ကြပါလို့ ပြောပါတယ်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ထားတဲ့ ဒီ ၅ နှစ် တဆက်တစပ်တည်း လူကို ပေးတယ်ဆိုတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးအတိုင်းအတာကို ကျနော်တို့ ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကနေပြီးတော့ ဟိုးအရင်ကတည်းက ကျင့်သုံးတဲ့ အမိန့်ညွှန်ကြားချက်ပါဗျ။ ကျနော်တို့ အစိုးရက ထုတ်ထားတာမဟုတ်ပါဘူး။ အဲဒါ နံပါတ် (၁) အချက်ပေါ့နော်၊ နံပါတ် (၂) အချက်ကတော့ ကျနော်တို့က ဒီက ဧရာရွှေဝါကနေ ပြန်ပေးတယ်၊ မရဘူး ဘာညာဆိုတာတွေက ကျနော်တို့ တရားဝင် စာတင်ပြီးတော့ ပြန်ပေးတဲ့ဟာတွေ ရှိတယ်။ တချို့ဟာတွေက ပြန်မပေးတဲ့ဟာတွေရှိတယ်။ တိတိကျကျလာပြီးတော့ အစိုးရအဖွဲ့မှာ လာရောက် စုံစမ်းပြီးလုပ်ရင် အကုန်ပြေလည်နိုင်ပါတယ်။”

ဧရာဝတီတိုင်းထဲရှိ ကန်ကြီးထောင့်၊ ကျုံပျော်နဲ့ ကျောင်းကုန်းမြို့နယ်တွေထဲမှာ  ဧရာရွှေဝါကုမ္ပဏီက သိမ်းထားတဲ့ လယ်ဧက ၄ သောင်းကို ကုမ္ပဏီက ၂၀၁၂ ခုနှစ်ကတည်းက ပြန်ပေးခဲ့ပြီး အခု ၂ နှစ်ကျော်ကြာတဲ့ထိ လယ်ဧက ၄ ထောင်ကို မူလပိုင်ရှင်တွေ ပြန်မရကြသေးတာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းထဲ လယ်မြေပိုင်ဆိုင်မှု အငြင်းပွားတာကြောင့် အမှုအခင်းဖြစ်ပြီး အကျဉ်းကျနေတဲ့ တောင်သူ ၂၀၀ကျော် ရှိပါတယ်။

ဧရာရွှေဝါကုမ္ပဏီဟာ လယ်မြေဧက ၄ သောင်းကို ၁၉၈၉ ခုနှစ်ကတည်းက သိမ်းယူခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013