ကွင်းလယ်သမား အိုဇေးလ် ဒဏ်ရာကြောင့် ၁၂ ပတ် နားရမည်

အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား အိုဇေလ်းဟာ ဘယ်ဘက် ဒူးဒဏ်ရာကြောင့် ၁၂ ပတ် နားရတော့မှာ ဖြစ်ပါတယ်။ OZIL1အသက် ၂၅ နှစ်အရွယ် အိုဇေးဟာ နိုင်ငံတကာ ပြိုင်ပွဲကစားပေးဖို့ ဂျာမနီနိုင်ငံ  မြူးနစ်ကို ရောက်လာတဲ့ အောက်တိုဘာ ၈ ရက်နေ့က ဓာတ်မှန်ရိုက်ရာမှာ ဒဏ်ရာရနေကြာင်း တွေ့ရှိခဲ့တာပါ။ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ အင်တာနက် စာမျက်နှာမှာတော့ ဒူးဒဏ်ကုသမှုက ၆ ပတ်ကြာမြင့်မှာ ဖြစ်သလို ၁၀ ပတ်ကနေ ၁၂ ပတ်အကြား နားရမယ်လို့ ရေးသားထားပါတယ်။ အာဆင်နယ်အသင်းရဲ့ အင်တာနက် စာမျက်နှာမှာတော့ ဘယ်လောက်နားရမလဲဆိုတာကို ပြောဖို့ စောသေးတယ်လို့ ရေးသားထားပါတယ်။

More News
Up