ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူးကို ကယ်တင်ရေး အပြင်းအထန်ကြိုးစားနေ
DVB
·
October 8, 2014
ထိုင်းရဟတ်ယာဉ်မှူးကို ပြန်လည်တွေ့ရှိခဲ့ပြီးနောက် မြန်မာရဟတ်ယာဉ်မှူးကို ကယ်တင် နိုင်ဖို့ အပြင်းအထန် ကြိုးစားနေတယ်လို့ ထူးဖော်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။
ပျောက်ဆုံးတောင်တက်သမား ၂ ဦးကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်စဉ် အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့တဲ့ ရဟတ်ယာဉ်မှူး Chatchawal ကို ဒီနေ့ မနက်ပိုင်း ရှာဖွေကယ်ဆယ်နိုင်ခဲ့တာပါ။
[caption id="attachment_67207" align="alignright" width="300"] ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း[/caption]
ဒဏ်ရာအနည်းငယ် ရရှိထားတဲ့ ထိုင်းရဟတ်ယာဉ်မှူး Mr. Chatchawal ကို အခုအခါ လန်ဆာထု ကျေးရွာကို ဒေသခံရဝမ်လူမျိုးတွေရဲ့ အကူအညီနဲ့ ခေါ်ဆောင်လာပြီး လန်ဆာထုကျေးရွာမှာ ခတ္တနားစေမှာဖြစ်ပါတယ်။
မြန်မာရဟတ်ယာဉ်မှူး အောင်မြတ်တိုးကတော့ မျက်လုံး ထိခိုက်ဒဏ်ရာ ရထားတယ်လို့ သိရပြီး တောတွင်းရှိ ဂူတဂူထဲမှာ ရှိနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။