Home
မြန်မာသတင်း
တယ်လီနော ဆင်းကတ် ရန်ကုန်တွင် အောက်တိုဘာ ၁၀ ရက် ရောင်းချမည်
DVB
·
October 8, 2014
နော်ဝေပိုင် တယ်လီနောကုမ္ပဏီက ဆင်းကတ်တွေကို စီးပွားရေးမြို့တော် ရန်ကုန်မှာ လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်ရောင်းချပေးပါတော့မှာ ဖြစ်ပါတယ်။ [caption id="attachment_66218" align="alignright" width="405"]တယ်လီနောဆင်းကတ် မန္တလေးမြို့တွင် ရောင်းချပေးနေစဉ် တယ်လီနောဆင်းကတ် မန္တလေးမြို့တွင် ရောင်းချပေးနေစဉ်[/caption] ၁ မိနစ် ဖုန်းခေါ်ဆိုခ နှုန်းထားတွေက ဘယ်ဖုန်းကိုပဲခေါ်ခေါ် ၂၅ကျပ် ကုန်ကျမှာ ဖြစ်ပြီး SMS တစောင်ကို ၁၅ ကျပ် ကျမယ်လို့ စက်တင်ဘာ ၂၅ ရက်နေ့မှာ တယ်လီနော(မြန်မာ)က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အင်တာနက်သုံးစွဲမှုက ၁ ပတ်စာ ကျပ် ၅ဝဝ ကနေ စတင်ကောက်ခံမှာ ဖြစ်ပြီး 300 Kbps မြန်နှုန်းရှိတဲ့ My Internet အမျိုးအစားက 1MB ကို ၆ ကျပ်၊ 2 Mbps မြန်နှုန်းရှိတဲ့ Smart Internet အမျိုးအစားက 1MB ကို ၁ဝ ကျပ် ကောက်ခံမှာလို့ ဆိုပါတယ်။ တယ်လီနောရဲ့ ၁၅၀၀ တန် ဆင်းကတ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က မန္တလေးမြို့နဲ့ အောက်တိုဘာ ၄ ရက်နေ့က နေပြည်တော်တို့မှာ စတင် ရောင်းချခဲ့ပြီးနောက် အခု ရန်ကုန်မှာ ဆက်လက်ရောင်းချမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူပေါင်း ၈ သန်း ရှိတယ်လို့ ခန့်မှန်းထားပြီး မြန်မာ့ဆက်သွယ်ရေးအပါအဝင် တယ်လီနောနဲ့ အော်ရီဒူးစတဲ့ ဆက်သွယ်ရေး အော်ပရေတာတွေဟာ ကြီးမားတဲ့ ဈေးကွက်ဝေစု ရရှိဖို့အတွက် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024