ဂျပန်မီးတောင်ပေါက်ကွဲမှု ရာစုနှစ်တခုအတွင်း အသေအပျောက်အများဆုံးဖြစ်

ကူညီကယ်ဆယ်ရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ -nbcnews)
ပြီးခဲ့တဲ့ရက်တွေအတွင်း ဂျပန်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်ခဲ့လို့ ရပ်ဆိုင်းခဲ့ရတဲ့ အွန်တာကီ(Ontake) မီးတောင်မှာ ပျောက်ဆုံး တောင်တက်သမားတွေ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို အောက်တိုဘာ ၇ ရက်နေ့ ပြန်လည် လုပ်ဆောင်ခဲ့ကြရာမှာ နောက်ထပ်ရုပ်အလောင်း ၂ လောင်းကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ [caption id="attachment_67177" align="alignright" width="567"]ကူညီကယ်ဆယ်ရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ -nbcnews) ကူညီကယ်ဆယ်ရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ -nbcnews)[/caption] မီးတောင်ပေါက်ကွဲပြီး ၁ ပတ်ကျော်အကြာမှာ ပျောက်ဆုံးနေဆဲ တောင်တက်သမား ၁၁ ဦးကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မီးတောင်ပေါက်ကွဲမှုမှာ သေဆုံးသူ အနည်းဆုံး ၅၁ ဦး ရှိသွားပြီး ရာစုနှစ်တခုအတွင်း အသေအပျောက်အများဆုံး မီးတောင်ပေါက်ကွဲမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က တွေ့ရှိခဲ့သူ ၄ ဦးလုံးလည်း သေဆုံးခဲ့တယ်လို့ ဆရာဝန်တွေက အတည်ပြု ပြောဆိုပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း မုန်တိုင်းကြောင့် မီးတောင်ဒေသမှာ မိုးသည်းထန်ခဲ့ပြီး မီးတောင်ရွှံ့တွေ ပြိုမှု ဖြစ်နိုင်တာကြောင့် မီးတောင်ခြေက အိမ်ထောင်စုတွေကိုလည်း နေရာ ပြောင်းရွှေ့ခဲ့ရပါသေးတယ်။ အွန်တာကီမီးတောင်ဟာ ဂျပန်နိုင်ငံမှာ ဒုတိယအမြင့်ဆုံးမီးတောင်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ  ၂၇ ရက်နေ့က တောင်တက်သမားတွေ တက်ရောက်နေချိန် ရုတ်တရက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

More News
Up